1. Home
  2. International News

ဘောလုံးသမားတစ်ဦးကို အမျိုးသမီးသုံးယောက် ဝိုင်းဝန်း အဓ္ဓမကျင့်

International News ธ.ค. 16, 2559 view 1,811
အင်္ဂလန်နိုင်ငံတွင် ဘောလုံးအားကစားသမားငယ် တစ်ဦးကို အမျိုးသမီး သုံးဦးက အုပ်စုဖွဲ့၍ အရက်မူးအောင်တိုက်ပြီး ဗလက်ကာယ ပြုလုပ်ခြင်း၊ ဆံပင်တွေ ညှပ်ပစ်ခဲ့သည့်အတွက် တရားဆွဲဆိုခြင်းခံထားရသည်။
 
 
ဘရိုးဂန် ဂေလတ် 
 
ဘရိုးဂန် ဂေလတ် (၂၆ နှစ်)၊ ပက်ဂီ ကန်နင်းဟမ် (၂၂ နှစ်) နှင့် ရှန်နွန်းဂျုံးစ် (၂၀ နှစ်) တို့က အသက် ၂၀ အရွယ် ဘောလုံးသမားတစ်ဦးကို ညဖက်အပြင်ထွက်ရင်း ဆုံခဲ့ကြပြီးနောက် သူတို့ရဲ့ အိမ်ကို ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ အိမ်ရောက်တဲ့အခါ ဗော့တကာအရက်တွေ တစ်ခွက်ပြီး တစ်ခွက်တိုက်၍ အမူးလွန်သွားချိန်မှာ သူတို့စိတ်ကြိုက် ဗလက်ကာယ လုပ်ခဲ့ခြင်းဖြစ်သည်။
 
 
ရှန်နွန်းဂျုံးစ်
 
မူသွားသည့်အချိန်တွင် လူငယ်၏ အဝတ်အစားများကို ချွတ်ခဲ့ကြပြီး သူတို့ သုံးဦးပွတ်သပ်နေကြသည်ကို ဗီဒီယိုရိုက်ကူးထားခဲ့သည်။ ဗီဒီယိုထဲတွင် ဂေလတ်က လူငယ်၏ ဆံပင်ကို ဖြတ်ပစ်ခဲ့ပြီး ကတ်ကြေးကို သူ့ဖင်ကြားထဲထည့်ရင် ကောင်းမလား..? ဟု မေးတာကို တွေ့ခဲ့ရသလို လူငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ဟင်းသီးဟင်းရွက်များ လှီးဖြတ်ခဲ့ကြသည်။  
 
 
ပက်ဂီ ကန်နင်းဟမ်
 
ပရက်စတွန်ခရောင်း တရားရုံတွင် သူတို့ သုံးဦး ဗလက်ကာယ ပြုလုပ်ခဲ့ခြင်းကို ဝန်ခံခဲ့ပြီး ကိုယ်ထိလက်ရောက် နာကျင်အောင် ပြုလုပ်ခဲ့ခြင်းမရှိကြောင်း လျှေက်ထားခဲ့ကြသည်ကို ရုံးတော်က လက်ခံခဲ့သည်။ သူတို့သုံးဦးသည် တစ်ဖက်သားအား သိက္ခာကျဆင်းလောက်အောင် အရှက်ရစေနိုင်သည့် လိင်စော်ကားမှုကို ကျူးလွန်ခဲ့သည့် အတွက် တရားစွဲဆိုခံရပြီး လာမည့် အပတ်တွင် အမိန့်ချမှတ်မည်ဖြစ်သည်။ ကျူးလွန်ခံရသူ လူငယ်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
 


Follow us on