1. Home
  2. International News

သြစတြေလျနိုင်ငံသူကို မုဒိန်းကျင့်တာမဟုတ်ကြောင်း ငြင်းဆိုတဲ့ သုံးဘီးမောင်းသမား

International News ธ.ค. 19, 2559 view 1,412
ထိုင်းနိုင်ငံ တလင်းချန်းနယ်မြေမှာ ကမ္ဘာလှည့်ခရီးသည် သြစတြေးလျနိုင်ငံသူတစ်ဦးကို လွန်ခဲ့သော သီတင်းပတ်က အဓ္ဓမမုဒိမ်းကျင့်မှုနဲ့ အသက် ၃၂ နှစ်အရွယ် သုံးဘီး(တုတ်တုတ်)မောင်းသူတစ်ဦးကို ရဲများက ဖမ်းဆီးခဲ့ပါတယ်။
 
တစ်နာရီခန့် စစ်ဆေးပြီးချိန်မှာ သုံးဘီးမောင်းသူက မုဒိန်းကျင့်တာမဟုတ်ပဲ နှစ်ဦးစလုံးက မူးနေပြီး သဘောတူ လိင်ဆက်ဆံခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ စစ်ဆေးမှုတွင် သြစတြေးလျနိုင်ငံသူက ပစ်ကပ်ကားမောင်းသူတစ်ဦးနှင့် အချင်းများ ရန်ဖြစ်နေစဉ် သူက ကူညီရန်ရောက်ရှိသွားခဲ့ပြီး သူမက သူ၏ သုံးဘီးဆိုင်ကယ်ပေါ် တက်လိုက်ခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးဟာ အရက်မူးနေပြီး နီးစပ်ရာ အဆောက်အဦဟောင်းတစ်လုံးထဲ ဝင်ကာ နှစ်ဦးသဘောတူ လိင်ဆက်ဆံခဲ့ပါတယ်။ ဒီလိုနေရာကို ခေါ်သွားတယ်ဆိုတာ သူ့မှာ ဟိုတယ်အခန်းခအတွက် ပိုက်ဆံမရှိတာကြောင့်လို့ ဆိုပါတယ်။ အဲသည်နောက်မှာတော့ အမျိုးသမီးကို လိုက်ပို့ပေးဖို့ ပြောပေမယ့် အမျိုးသမီးက ငြင်းဆိုခဲ့တာကြောင့် အဲဒီနေရာမှာ ထားခဲ့ခြင်း ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
 
အသက် ၂၃ နှစ်အရွယ် သြစတြေးလျသူ အမျိုးသမီးက အရက်အမူးလွန်နေပြီး သူမနေထိုင်ရာ နေရာသို့ပြန်ရန် ထိုလူ၏ သုံးဘီးငှားစီးခဲ့ရာ သုံးဘီးမောင်းသူမှ အဆိုပါနေရာသို့ ခေါ်ဆောင်သွားကာ သူ၏ သူငယ်ချင်းတစ်ဦးနှင့်အတူ အဓ္ဓမမုဒိန်းကျင့်ခဲ့တယ်ဟု တိုင်းတန်းခဲ့ပါတယ်။ သူမဟာ နောက်တစ်ပတ်မှာ သြစတြေးလျနိုင်ငံကို ပြန်ရတော့မှာဖြစ်ပါတယ်။
 
 
 


Follow us on