1. Home
  2. International News

မထင်ရလောက်အောင် နုပျိုလှပလွန်းတဲ့ (၄၇)နှစ်အရွယ် ကိုရီးယား သွားဆရာဝန်

International News ธ.ค. 19, 2559 view 1,446

တောင်ကိုရီးယားနိုင်ငံမှ သွားဆရာဝန်မလေးတစ်ဦးဟာ သူမရဲ့နုပျိုလှပလွန်းတဲ့ ရုပ်ရည်ကြောင့် အင်တာနက်ပေါ်မှာ နာမည်ကြီးရေပန်းစားနေပါတယ်။မျက်နှာလေးကို မြင်လိုက်ရင်တော့ သူမအသက်ဟာ (၂၀)၀န်းကျင်လောက်လို့ ထင်ရပေမယ့် သူမရဲ့တကယ့်အသက်ဟာ (၄၇)နှစ်ပါ။ (၁၉၆၉)ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး၊သွားဆရာဝန်ဘ၀နဲ့ကျင်လည်ခဲ့တာ(၁၆)နှစ်လောက် ရှိနေပါပြီ။

Lee Su Jin ဟာ သူမရဲ့နုပျိုလွန်းလှတဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်ကြောင့် အင်တာဗျူးခံဖို့ ‘Same Bed, Different Dreams’ ဆိုတဲ့ ကိုရီးယား TV Show ကို သမီးဖြစ်သူနဲ့အတူ လာရောက်ခဲ့ပါတယ်။သွားဆရာဝန်မလေး Lee Su Jin ဟာselfies ဓါတ်ပုံတွေ ရိုက်ကူးကာ Instagram ပေါ်မှာတင်ရင်း အားပေးတဲ့ followers တွေအများကြီးရခဲ့ပါတယ်။ အလယ်တန်းကျောင်းသူဖြစ်ပြီးနောက် သမီးဖြစ်သူက သူမကိုစကားသိပ်မပြောတော့တာကြောင့် လူတွေနဲ့တုံ့ပြန်ပြော ဆိုမှုတွေလုပ်ဖို့လိုအပ်နေတဲ့ သူမဟာsocial network ဘက်ကိုလှည့်ခဲ့တာပါ။

အွန်လိုင်းပေါ်က လူတွေရဲ့ အာရုံစိုက် မှုကိုရပြီး ဒီဘ၀မှာ ပျော်ပိုက်သွားတဲ့ သူမဟာ ဓါတ်ပုံတွေကို များများဆက်တင်ရင်းနဲ့ နာမည်ကြီးလာခဲ့ပါတယ်။ အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းတဲ့ ဒီရုပ်ရည်ကြောင့် လူတိုင်းကအံ့အားသင့်ခဲ့ပြီး၊လူအမျိားစုကတော့ ဒါဟာ ပလတ်စတစ်ဆာဂျရီကြောင့်လို့ ထင်ကြေးပေးပြောဆိုနေကြသူတွေ ရှိပါတယ်။

Credit : shwemom



Follow us on