1. Home
  2. International News

Instagram မှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို Bookmark လုပ်ထားလို့ရပြီ

International News ธ.ค. 19, 2559 view 1,467

Instagram ဟာ သူငယ်ချင်းတွေနဲ့ မိသားစုတွေကို အမြဲတမ်းထိတွေ့စေနိုင်တဲ့ နေရာတစ်နေရာဖြစ်ပါတယ်။ တခြားတစ်ဖက်မှာဆိုရင်လည်း အလှအပ၊ အစားအသောက်၊ ပရိဘောဂနဲ့ နေရာတွေကို ကျွမ်းကျင်တဲ့ဓာတ်ပုံဆရာတွေရိုက်ထားသလိုဖြစ်အောင် ပြုပြင်နိုင်ပါတယ်။ Pintrest လိုပဲ ပုံတွေဟာ အသုံးပြုသူရဲ့ အိပ်မက်နဲ့ Personal Projects တွေကို ပုံဖော်ပေးနိုင်မှာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Instagram ဟာ Bookmark Icon ကို သင့်ရဲ့ Feed တွေမှာထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

သင့်အနေနဲ့ အဲ့ဒီအပေါ်ကို Tap လုပ်ပြီး သင်နှစ်သက်တဲ့ အကြိုက်နဲ့ ကိုက်ညီတဲ့ ဓာတ်ပုံဒါမှမဟုတ်၊ ဗီဒီယိုတွေကို သင့် Page ထဲမှာ သိမ်းထားနိုင်ပြီ ဖြစ်ပါတယ်။ ဒီ Save Post လုပ်ဆောင်ချက်ကို Instagram Version 10.2 မှာထည့်သွင်းထားတာကြောင့် ဒီနေ့ကစပြီး Apple App Store နဲ့ Android အတွက် Google Play Store တို့ကနေ ရယူနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Credit : technology.thithtoolwin



Follow us on