1. Home
  2. International News

အိန္ဒိယ ရဲတွေ လက်ချက်နဲ့ အချုပ်သားတွေ သေဆုံးနေလို့ HRW ထုတ်ပြန်

International News ธ.ค. 20, 2559 view 1,498

- အိန္ဒိယ နိုင်ငံမှာ ရဲ တွေ ဖမ်းဆီး ထိန်းသိမ်း ထားတုန်း သေဆုံးရတဲ့ အရေအတွက်ဟာ ၂ဝ၁ဝ ကနေ ၂ဝ၁၅ ခုနှစ် ကြား အယောက် ၆ဝဝ နီးပါး ထိ ရှိတယ်လို့ အမေရိကန် အခြေစိုက် လူ့ အခွင့်ရေး စောင့်ကြည့်ရေး အဖွဲ့ Human Rights Watch က ထုတ်ပြန် လာပါတယ်။ အဲဒီလို သေဆုံးမှု တွေ အတွက် ရဲ တစ်ဦး တစ်ယောက်မှလည်း အပြစ်ပေး အရေးယူ ခံရတာ မျိုး မရှိဘူးလို့ ဆိုပါတယ်။ အိန္ဒိယ နိုင်ငံမှာ အချုပ်သား သေဆုံး ပြီ ဆိုရင် ဖျားလို့နာလို့၊ ထောင်ဖောက် ပြေးဖို့ ကြိုးစားလို့၊ ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ ဒါမှ မဟုတ်ရင်လည်း ၊ မတော်တဆ ဖြစ်ရပ် တစ်ခုခုကြောင့် သေရတယ် လို့ပဲ အာဏာပိုင်တွေ ဘက်က ထုတ်ပြန်လေ့ ရှိတယ် ဆိုပြီး Human Rights Watch က ပြောပါတယ်။

- HRW တွေ့ဆုံ မေးမြန်း ထားတဲ့ သူတွေ ထဲမှာ သေဆုံး ခဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစု ဝင်တွေ၊ သက်သေတွေ၊ တရားရေး ကျွမ်းကျင်သူတွေ နဲ့ ရဲ အရာရှိတွေ ကိုယ်တိုင် ပါဝင်တယ် လို့လည်း ပြောပါတယ်။ အဲဒီလို စုံစမ်းမှု တွေ ကနေ အနှိပ်စက် ခံရလို့ အချုပ်သားတွေ သေဆုံး ခဲ့တယ် ဆိုတဲ့ အချက်နဲ့၊ ကျူးလွန်သူ တစ်ဦး တစ်ယောက် မှလည်း အရေးယူ ခံရတာ မျိုး မရှိဘူး ဆိုပြီး HRW က ပြောလာ တာပါ။

- HRW အဖွဲ့ရဲ့ အာရှတောင်ပိုင်း ဒေသ ရေးရာ ညွှန်ကြားရေးမှုး မီနာ့ခ်ရှီ ဂန်ဂူလေ က အိန္ဒိယ ရဲ တပ်ဖွဲ့ ထဲမှာ လိုက်နာရမယ့် စည်းကမ်း ချက်တွေ အပေါ် အဖွဲ့ဝင် တွေ တကယ်တမ်း လေးစား လိုက်နာဖို့ ထိန်းချုပ် တင်းကြပ် တာတွေ ပိုပြီး လုပ်ဆောင်ဖို့ လို နေတယ် လို့ ပြောပါတယ်။ အိန္ဒိယ လက်ရှိ ဥပဒေ အရတော့ တစ်ဦး တစ်ယောက်ကို ဖမ်းဆီး ချုပ်နှောင်ပြီ ဆိုရင် ကျန်းမာရေး အခြေအနေ အသေးစိတ် ကို စစ်ဆေး ရမှာ ဖြစ်ပြီး ၂၄ နာရီ အတွင်း တရား ရုံး ရှေ့ ပို့ဆောင် ရမယ်လို့ ဆိုပါတယ်။ HRW အဖွဲ့ ရဲ့ အဆိုအရ သူတို့ စုံစမ်း ခဲ့သမျှထဲ ရဲဘက်က ဒီ ဥပဒေကို လိုက်နာ ဆောင်ရွက်ဖို့ ပျက်ကွက် နေတယ်လို့ ပြောပါတယ်။ အချုပ်သား တစ်ယောက်ယောက် သေဆုံးပြီ ဆိုရင်လည်း အဲဒီ့ ဖြစ်ရပ် ကို စုံစမ်းတဲ့ အာဏာပိုင် တွေက အမှုမှန် ပေါ်ဖို့ထက်၊ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ရဲတွေ ဒုက္ခ မရောက်ဖို့ကိုပဲ ပို ဦးစား ပေးတယ် လို့ HRW အဖွဲ့က ဝေဖန်ပါတယ်။

- အိန္ဒိယ အစိုးရဘက်က HRW ရဲ့ အစီရင်ခံစာပါ စွပ်စွဲ မှုတွေကို ငြင်းဆန် ထားပြီး၊ ချုပ်နှောင် ဖမ်းဆီးရာမှာ ဘာတွေ လိုက်နာ ရမလဲ ဆိုတာကို တရားရုံးချုပ်က ချမှတ် ထားသလို၊ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်ရဲ့ ဆုံးဖြတ် ချက် တွေလည်း ရှိနေပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲ တပ်ဖွဲ့ဝင် တွေရဲ့ ပယောဂ ကြောင့် သေဆုံးမှု ဖြစ်တိုင်း တကယ် တရားရုံး ရောက်တဲ့ အထိ အမှု တည်ဆောက် လာဖို့ အိန္ဒိယမှာ မဖြစ် နိုင် သလောက်ပဲ ဆိုပြီး HRW အဖွဲ့ကတော့ ပြင်းပြင်းထန်ထန် ဝေဖန် နေပါတယ်။

Soure : BBC Burmese



Follow us on