1. Home
  2. International News

ဓားစာခံအဖြစ် တာလီဘန်အကျဉ်းစခန်းထဲမှာပဲ မွေဖွားကြီးပြင်းခဲ့ရတဲ့ သနားစဖွယ်ကလေးနှစ်ဦး

International News ธ.ค. 21, 2559 view 1,473
၂၀၁၂ ခုနှစ်ကတည်းက ကနေဒါနိုင်ငံသား ဂျော့ရှာဘွိုင် (၃၃ နှစ်) နှင့် အမေရိကန်နိုင်ငံသူ ကေ့တ်လန်ကိုးလ်မန်း (၃၁ နှစ်) တို့ ခရီးသွား ဇနီးမောင်နှံစုံတွဲဟာ အာရှအလယ်ပိုင်းကို ဖြတ်ကျော်စဉ် ကဘူးလ်မြို့နားမှာ တာလီဘန်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
 
အဖမ်းခံခဲ့ရချိန် ကိုးလ်မန်းမှာ ကိုယ်ဝန်(၇)လ ရှိနေခဲ့ပါတယ်။ ဒီကလေးကို တာလီဘန်တို့ရဲ့ အကျဉ်းစခန်းထဲမှာပဲ မွေးခဲ့ရပြီး အခုဆိုရင် ၄ နှစ်သား အရွယ်ကိုရောက်နေပါပြီ။ သူတို့ရဲ့ နောက်ထပ် သားအငယ်ကို ဘယ်အချိန်မှာ မွေးခဲ့တယ်ဆိုတာတော့ အတိအကျမသိခဲ့ရပေမယ့် သနားစရာကလေးနှစ်ဦးမှာ တာလီဘန် အကျဉ်းစခန်းထဲမှာ ချို့ချို့ငဲ့ငဲ့နဲ့ အသက်ရှင်နေရသူတွေဖြစ်ပါတယ်။
 
ဓားစာခံအဖြစ် အဖမ်းမခံရမီက သူတို့နှစ်ဦး၏ ပုံနှင့် လက်ရှိအလွန်ကွာခြားလှသည်
 
 
သူတို့မိသားစုရဲ့ ဗီဒီယို စကားပြောဖိုင်ကို တာလီဘန်မီဒီယာက အွန်လိုင်းမှာ ဒီဇင်ဘာ ၁၉ ရက်နေ့ကဖြန့်ဝေခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာ ကလေးနှစ်ဦးပါ သူ့အမေရဲ့ အနားမှာ ရှိနေခဲ့ပါတယ်။ ကိုလ်းမန်းက အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံလုံးကို အကူအညီတောင်းခံစကားပြောကြားခဲ့ပါတယ်။
 
အိုဘားမားနှင့် ဒေါ်နယ်လ်ထရန့် နှစ်ဦးလုံးရဲ့ အမည်ကို ဖော်ပြပြောဆိုသွားပြီး သူတို့အတွက် အကူအညီတစ်စုံတစ်ရာ ပေးရန်မျှော်လင့်ကြောင်းနှင့် သူတို့ဒီမှာနေနေရတာ အိမ်မက်ဆိုးတစ်ခုလို ခံစားရကြောင်း ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး သူမက နှစ်နိုင်ငံလုံးက ကျွန်မတို့ကို ဒီလောက်ကြာတဲ့အထိ ပစ်ထားတယ်ဆိုတော့ အခုအသက်ရှင်ရက်ရှိနေတဲ့ ကလေးနှစ်ယောက်နဲ့အတူ ကျွန်မတို့ကို မုန်းတယ်လို့ သဘောပေါက်မိပါတယ်။ ဒါပေမယ့် ကျွန်မတို့ လုပ်နိုင်တာက ဒီလူတွေဟာ ကျွန်မတို့ကို လက်တုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ခဲ့တယ်ဆိုတာ တစ်ယောက်ယောက် သိစေဖို့ ဆုတောင်းတာပဲဖြစ်ပါတယ်။
 
ဒေါ်နယ်ထန့်အမည်တပ်ပြီး ဒီလူတွေဟာ ငွေကြေး၊ အင်အားနဲ့ မိတ်ဆွေတွေ လိုအပ်နေတာကြောင့် ဖြစ်အောင်လုပ်ပေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ မိခင်စကားပြောနေစဉ်မှာ သနားစဖွယ်ကလေးနှစ်ဦးကတော့ ဖခင်ဖြစ်သူရဲ့ ပေါင်ပေါ်မှာ ရှိနေခဲ့ပါတယ်။


Follow us on