1. Home
  2. International News

လက်ပစ်ဗုံးမှန်းမသိဘဲ ၂၅ နှစ်လုံးလုံး လက်ပစ်ဗုံးနှင့် သစ်ကြားသီးခွဲနေခဲ့သည့်အမျိုးသား

International News ธ.ค. 26, 2559 view 1,617

တရုတ်နိုင်ငံ၊ရှန်စီးပြည်နယ်မှ အမျိုး သားတစ်ဦးသည် လက်ပစ်ဗုံးမှန်းမသိဘဲ လက်ပစ်ဗုံးနှင့် ၂၅ နှစ်လုံးလုံး သစ်ကြား သီးခွဲနေခဲ့သည်ဟု သိရသည်။မကြာသေး မီကမှ ဒေသခံရဲတပ်ဖွဲ့ဖြန့်ဝေသော လက်ကမ်းစာစောင်များတွင်ပါဝင်သည့် လက်ပစ်ဗုံးပုံစံနှင့်တူနေသောကြောင့် လက်ပစ်ဗုံးမှန်း သိရှိသွားခဲ့ခြင်းဖြစ်သည်။ ရွာသားများက ၄င်းအမျိုးသားသည် လက် ပစ်ဗုံးဖြင့် သစ်ကြားသီးထုလေ့ရှိသည်ဟု ဆိုခဲ့ကြသည်။ လက်ပစ်ဗုံးကို သူငယ်ချင်း တစ်ဦးထံမှရရှိခဲ့ခြင်းဖြစ်ပြီး လက်ပစ်ဗုံးအ တွင်း၌ ပေါက်ကွဲပစ္စည်းများပါဝင်ခြင်းမ ရှိသောကြောင့် မပေါက်ကွဲခဲ့ခြင်းဖြစ်နိုင် သည်ဟု ရဲများက ခန့်မှန်းပြောဆိုနေကြ သည်။

ထိုအမျိုးသားက လက်ကမ်းစာ စောင်ထဲတွင်ပါသည့်လက်ပစ်ဗုံးပုံစံနှင့်တူ နေသောကြောင့် မသင်္ကာသဖြင့် ရဲစခန်း တွင် သွားရောက်ပြသသည့်အခါမှ မိမိ လက်ထဲတွင်ရောက်ရှိနေသည့်အရာ သည် တားမြစ်ပေါက်ကွဲပစ္စည်းဖြစ်နေ မှန်း သိရှိခဲ့ရခြင်းဖြစ်သည်။ ၄င်းဖြစ်ရပ်မှာ လူမှုကွန်ရက်မီဒီယာပေါ်တွင် ပျံနှံ့သွားခဲ့ ပြီးနောက် ထိုအမျိုးသား၏ ကံကောင်း ထောက်မပုံနှင့်ပတ်သက်၍ အမျိုးမျိုး ဝေ ဖန်ပြောဆိုခဲ့ကြသည်။

Credit ; thadinatin



Follow us on