ဒီဇင်ဘာ ၂၅ ရက်နေ့က ခရီးသည် ၉၂ ဦးတင်ဆောင်လာသော ရုရှားစစ်ဖက်လေယာဉ်တစ်စီး ပင်လယ်နက်ထဲသို့ ပျက်ကျသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း သတင်းရရှိသည်။ အဆိုပါလေယာဉ်ပေါ်တွင် ရုရှားတပ်မတော် ခရစ္စမတ်ဓမ္မတေး သီဆိုသူများပါဝင်ခဲ့ပြီး သေဆုံးသူများအတွက် ဝမ်းနည်းပူဆွေးမှု အခမ်းအနားကို ဒီဇင်ဘာ ၂၆ (ယနေ့)တွင် ပြုလုပ်ရန် ရုရှားသမ္မတ ဘလာဒီမာပူတင်က ကြေညာခဲ့သည်။
Tupolev Tu-154 လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၈ ဦးနှင့် ခရီးသည်စစ်သား ၈၄ ဦးပါဝင်ခဲ့သည်။ ဆိုချီအက်ဒလာ လေဆိပ်မှ ဆီရီးယာသို့ ပျံသန်းထွက်ခွာမှု သိပ်မကြာမီ နံနက် ၅ နာရီ ၂၅ မိနစ်ခန့်မှာ မြေပြင်ထိန်းချုပ်ရေးစခန်း ရေဒါမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ပျက်ကျခဲ့သောလေယာဉ်ကို ကမ်းခြေနှင့် ၁.၅ ကီလိုမီတာ ရေအောက်အနက် ၇၀ မီတာ ခန့်တွင် ပြန်လည်တွေ့ရှိခဲ့သည်။
လေယာဉ်ပျက်ကျရာတွင် ပါသွားသော ရုရှားတပ်မတော် ဖျော်ဖြေရေးတပ်ဖွဲ့
လေယာဉ်ပေါ်တွင်ပါသွားသော စစ်သားများမှာ ဆီးရီးယားရှိ ဟီမီမင်စခန်းတွင် နှစ်သစ်ကူးပွဲတော် အခမ်းနားအတွက် ပူးပေါင်းပါဝင်ရန် လိုက်ပါခဲ့ကြခြင်းဖြစ်သည်။
Ref:Straits Times