1. Home
  2. International News

အသေခံဗုံးခွဲမည့် အမျိုးသမီးကို အနားရှိလူအုပ်ကြီးက ဝိုင်းရိုက်

International News ธ.ค. 28, 2559 view 1,450

ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့က စေလွှတ်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ အသေခံဗုံးခါးပတ်ကို ဖြုတ်လိုက်တဲ့အချိန်မှာ ဗုံးဟာ မပေါက်ကွဲသွားခဲ့ပါဘူး။ ဈေးအတွင်းရှိနေသူတွေက အဆိုပါအမျိုးသမီးကို အကြမ်းဖက်သမားမှန်း သိခဲ့ပြီးနောက်ပိုင်း ဝိုင်းရိုက်နှက်လိုက်ကြတဲ့အတွက် သေဆုံးသွားတာဖြစ်ပါတယ်။ စုစုပေါင်း အကြမ်းဖက်အမျိုးသမီး နှစ်ဦးကို အဆိုပါဈေးအတွင်း ဗုံးခွဲတိုက်ခိုက်ဖို့ စေလွှတ်ခဲ့တာပါ။

သူမအပြင် နောက်တစ်ဦးကတော့ ဈေးအပြင်ဘက် တံခါးဝအနီးမှာ ဗုံးခါးပတ်ဖြုတ်ကာအသေခံဗုံးခွဲနိုင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာတော့ တစ်ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံအတွင်းက ကျွဲနွားရောင်းဝယ်တဲ့ ဈေးအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပေမဲ့ ဒီဖြစ်ရပ်အတွက် ဘယ်အကြမ်းဖက်အဖွဲ့ကမှ သူတို့အမည်ခံထားတာ မရှိသေးပါဘူး။

Credit : thadinatin



Follow us on