1. Home
  2. International News

တရုတ်မှာ အစားအစာသတ်မှတ်စည်းမျဉ်းချိုးဖောက်မှု

International News ธ.ค. 28, 2559 view 1,457

လတ်တလော နှစ်ပိုင်းအတွင်း အစားအစာဘေးကင်းလုံခြုံမှု ဆိုင်ရာ မကောင်းသတင်းတွေဒဏ်ကို အလူးအလဲခံခဲ့ရတဲ့တရုတ်နိုင်ငံမှာ သည်နှစ် ရဲ့ကိုးလတာကာလအတွင်းမှာ အစားအ စာဘေးကင်းရေး သတ်မှတ်စည်းမျဉ်းတွေ မလိုက်နာဘဲ ချိုးဖောက်မှုအကြိမ်ငါးသိန်း နီးပါးကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ အရာ ရှိတစ်ဦးက ပြောပါတယ်။တရုတ်နိုင်ငံဆေးဝါးနဲ့ အစားအသောက်ကွပ်ကဲရေးဌာနအကြီးအကဲ  ဘီကျင်းဂွမ်က စားသောက်ကုန်ကဏ္ဍမှာ တိုး တက်မှုကြီးတွေ ဖြစ်ခဲ့ပေမဲ့ အမြစ်တွယ်နေတဲ့ပြဿနာတွေကတော့ ကျန်ရှိနေတုန်းပဲ လို့ အမျိုးသားပြည်သူ့ကွန်ဂရက်ရဲ့အမြဲ တမ်းကော်မတီကို သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ဆန်ထဲမှာ သတ္တုဓာတ်တွေပါဝင်နေတာ၊ စားသောက်ဆိုင်တွေမှာ ပြန်လည် ချက်လုပ်ထားတဲ့မြောင်းဆီတွေကို အသုံး ပြုတာ အပါအဝင် တရုတ်အာဏာပိုင်တွေဟာ အစားအသောက်ကြောင့် ကျန်းမာရေးထိခိုက်တဲ့မကောင်းသတင်းတွေကို မကြာသေးခင်က ဖော်ထုတ်ခဲ့ပါတယ်။ ၂၀ဝ၈ ခုနှစ်က ဈေးကွက်မှာရောင်းချနေ တဲ့ကလေးနို့မှုန့်တွေထဲမယ်လမင်းတွေပါဝင်နေတာကိုလည်း ဖော်ထုတ်ခဲ့ပါသေးတယ်။အစားအစာဘေးကင်းရေး တရုတ်ဌာနတွေက အခုနှစ်ရဲ့ကိုးလအတွင်းမှာ စစ်ဆေးမှုပေါင်း ၁၅ သန်းကျော်ပြုလုပ်ခဲ့ပြီး ဘေးကင်းရေးစည်းမျဉ်းတွေကို ချိုး ဖောက်မှု ၅၀ဝ,ဝ၀ဝ ကျော်ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်လို့ ဘီရဲ့အစီရင်ခံစာမှာ ပါ ရှိပါတယ်။

ဖမ်းဆီးရမိတဲ့အမှုတွေထဲမှာ လိမ်ညာပြီးကြေညာတာ၊ ကုန်ပစ္စည်းအတုတွေနဲ့ ပါဝင်ပစ္စည်းအတုတွေကို အသုံးပြုတာနဲ့ ကျန်းမာရေးထိခိုက်စေနိုင်တဲ့စားသောက် ကုန်တွေ ရောင်းချမှုတွေပါဝင်တယ်လို့ လည်း ဘီက ဆိုပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ကျိလင်ပြည်နယ်မှာ ဖမ်းဆီးရမိတဲ့အမှုတစ်မှုက အစားအစာထဲမှာ စက်မှုသုံး ဂီလာတင်းကို အသုံးပြုထားတဲ့အမှုဖြစ်ပြီး နိုင်ငံ အနောက်တောင်ပိုင်းက ကွီကျိုးမှာတော့ ဆားအတုတွေနဲ့ အရည်အသွေးမမီတဲ့ ဆားတွေ အသုံးပြုတာအပါအဝင် စားသောက်ကုန်ဘေးကင်းရေးစည်းမျဉ်းတွေကို ချိုးဖောက်မှုတော်တော်များများကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Soure : kumudranews



Follow us on