1. Home
  2. International News

အသေးစားလေယာဉ်တစ်စင်း စပိန်နိုင်ငံ တန်နရီဖီကျွန်းပေါ် ပျက်ကျ

International News ธ.ค. 28, 2559 view 1,480
အပျော်စီးအပေါ့စားလေယာဉ်ငယ် တစ်စင်း ဒီဇင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က စပိန်နိုင်ငံရှိ ကျွန်းတစ်ကျွန်းဖြစ်သည့် တန်နရီဖီကျွန်းပေါ်သို့ ပျက်ကြခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လေယာဉ်တွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးတို့ လိုက်ပါလာခဲ့ကြသည်။
 
 
ကံကောင်းထောက်မစွာဖြင့် လေယာဉ်မှာ ကမ်းခြေပေါ်သို့ ပျက်ကျခဲ့ပြီး အသက်သေဆုံးမှု မရှိခဲသော်လည်း ဒဏ်ရာများ ရရှိခဲ့ကြသည်။ လေယာဉ်မောင်းသူမှာ ဝမ်းဗိုက်ပိုင်း ထိခိုက်ဒဏ်ရာပြင်းသည့်အတွင် လေယာဉ်အတွင်းမှ မထွက်နိုင်သော်လည်း အမျိုးသမီးနှင့် ဆယ်ကျော်သက် တစ်ဦးမှာ လေယာဉ်ပျက်ကျသည့်နေရာမှ ထွက်ပြေးနိုင်ခဲ့ကြသည်။
 
 
အဆိုပါလေယာဉ်မှာ မော်ရိုကိုသို့ ပျံသန်းစဉ် စက်ချို့ယွင်းပြီး တန်နရီဖီကမ်းခြေပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။
 
Ref:TheSun
 


Follow us on