1. Home
  2. International News

Facebook ကြောင့် အရူးဖြစ်ခဲ့တဲ့ ဘန်ကောက်မှ လူများ

International News ธ.ค. 28, 2559 view 1,453

Facebook က သဘာဝဘေးအန္တရာယ်များ၊ အကြမ်းဖက်မှုများအတွက် Safety Check စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ စွမ်းဆောင်ချက်က ဖြစ်ပွားတဲ့ မြို့မှ လူများအား ဘေးကင်းလုံခြုံသလားဆိုတာကို မေးမြန်းပြီး လူမှုကွန်ရက်မှ သူငယ်ချင်းများအား အသိပေးနိုင်ပါတယ်။ ဒါပေမယ့် အခုတော့ Facebook ရဲ့ ဆော့ဝဲ ကြောင်သွားတဲ့အတွက် ဘန်ကောက်မှ လူများ အရူးဖြစ်ခဲ့ရပါပြီ။Facebook ရဲ့ ဆော့ဝဲက ဘန်ကောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားတယ်လို့ ထင်သွားပြီး Safety Check ကို ပြုလုပ်ခဲ့ပါတယ်။ ဘန်ကောက်မှ လူများက သတင်း၊ မီဒီယာများရဲ့ ပေါက်ကွဲမှု သတင်းကို မတွေ့ကြရဘဲ Facebook ရဲ့ ဘန်ကောက် ပေါက်ကွဲမှုမှာ လုံခြုံသလားဆိုတဲ့ မေးခွန်းကိုသာ တွေ့ခဲ့ကြပါတယ်။

Safety Check ကို ဒေသစံတော်ချိန် ည ၉ နာရီမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၁ နာရီအကြာမှာ ပိတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းများအရ ၂၀၁၅ ခုနှစ်မှ အီရ၀မ် ဘုရားကျောင်း ဗုံးပေါက်ကွဲမှု သတင်းဟောင်းကို ဆော့ဝဲက အထင်မှားခဲ့တာလို့ သိရပါတယ်။ ဘီဘီစီရဲ့ အဆိုအရ လူတစ်ယောက်က အစိုးရ အဆောက်အဦးတစ်ခုအား မီးရှူး မီးပန်းဖြင့် ပစ်ပေါက်ခဲ့ပြီး ဗုံးလို့ ထင်ခဲ့ကြလို့ ဖြစ်တယ်လို့ သိရပါတယ်။ Facebook က ဒီသီးခြားဖြစ်ရပ်ကလည်း Safety Check ကို Activate ဖြစ်စေခဲ့တာလို့ ပြောပါတယ်။

တကယ်တော့ ဘန်ကောက်မှာ ပေါက်ကွဲမှု မဖြစ်ခဲ့ပါဘူး။ Facebook က ယခင်က ဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက်ပိုင်းမှ သေချာစိစစ်ပြီး Safety Check ကို လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုမိုမြန်ဆန် စေဖို့အတွက် ဆော့ဝဲ အကူအညီဖြင့် Safety Check ကို Activate လုပ်မယ်လို့ နိုဝင်ဘာလက ကြေညာခဲ့ပါတယ်။ ဆော့ဝဲ ဖြစ်တဲ့အတွက် အမှားများ ရှိတတ်ပြီး မတ်လတုန်းကလည်း ပါကစ္စတန်မှာ ဗုံးပေါက်ကွဲစဉ်မှာ အမေရိကန်နဲ့ ဗြိတိန်တို့အတွက် Safety Check ကို Activate လုပ်ပေးခဲ့ပါတယ်။

Credit : digitaltimes



Follow us on