1. Home
  2. International News

နှစ်သစ်အကြိုပါတီပွဲမှာ မြင်မြင်သမျှဝင်ပစ်သွားတဲ့ သေနတ်သမား

International News ม.ค. 02, 2560 view 1,442
ဘရာဇီးနိုင်ငံ ကမ်ပိနက်စ်မြို့ရှိ အိမ်တစ်အိမ်တွင် နှစ်သစ်အကြိုပါတီပွဲပြုလုပ်နေစဉ် ခင်ပွန်းဟောင်းဖြစ်သူ Sidnei Ramis de Araújo (၄၆ နှစ်) ရောက်ရှိလာပြီး ပါတီပွဲလာသူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့တာကြောင့် ဇနီးဟောင်းနှင့် ၈ နှစ်အရွယ် သူ၏သားအပါအဝင် ၁၅ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများထဲတွင် ၁၂ ဦးမှာ သေဆုံးသွားခဲ့သည်။
 
သေနတ်သမားသည် ဓါတ်ခွဲခန်းပညာရှင်တစ်ဦးဖြစ်ပြီး ပါတီပွဲမှ လူများကို သေနတ်ဖြင့် ရမ်းကားပစ်ခတ်နေစဉ်အတွင်း သူ၏ သားဖြစ်သူကို ကာကွယ်စောင့်ရှောက်ရေးဂေဟာ ပို့ပေးဖို့ ဇနီးဟောင်းကို အော်ဟစ်ပြောဆိုခဲ့သည်။ ထို့နောက် မိမိကိုယ်ကို ပစ်သတ်ကာ အဆုံးစီရင်သွားခဲ့သည်။
အိမ်နီးနားချင်းများက သေနတ်သံကို မီးပန်းဖေါက်သည်ဟု အစက ထင်မြင်ခဲ့သော်လည်း အကူညီတောင်းသံများနှင့်အတူ သွေးသံရဲရဲနှင့် အိမ်ထဲမှ ထွက်ပြေးလာကြသူများကိုမြင်မှသာ သေနတ်သံဖြစ်ကြောင်း သိကာ ဒဏ်ရာရသူများကို ကူညီခဲ့ကြသည်။ အမျိုးသားနှစ်ဦးမှာ ရေချိုးခန်းထဲတွင် သော့ပိတ်ကာ ပုန်းနေခဲ့သည့်အတွက် သေဘေးမှ လွတ်မြောက်ခဲ့သည်။
 
 
ရဲများက သေနတ်သမား၏ ကားအတွင်းရှာဖွေခဲ့ရာတွင် တစ်စုံတစ်ခုကို ပြုလုပ်ခြင်းအတွက် သူ့ကိုခွင့်လွှတ်ကြပါရန် အသံသွင်းထားသော တိပ်ခွေတစ်ခုကို ကားအတွင်းမှ ရရှိခဲ့သည်။
 


Follow us on