1. Home
  2. International News

ဥပဒေပြင်ဆင်ရေးဆွဲမှုကြောင့် ထိုင်းနိုင်ငံရွေးကောက်ပွဲ တစ်နှစ်နောက်ဆုတ်မည်

International News ม.ค. 03, 2560 view 1,409
စစ်ဘက်မှ အရပ်ဘက်သို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် ဥပဒေသစ်များ ပြင်ဆင်ရေးဆွဲရန် အချိန်လိုအပ်သည့်အတွက် ၂၀၁၇ ခုနှစ်တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို နောက်တစ်နှစ် နောက်ဆုတ်လိုက်ကြောင်း အမျိုးသားဥပဒေပြုလွှတ်တော် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆွန်ဂျက်ယွန်သာနွမ်က ပြောကြားလိုက်သည်။
 
မဲပေးသည့် ကိစ္စအဝ,ဝကို ၂၀၁၈ ခုနှစ် မတ်လ သို့မဟုတ် ဧပြီလသို့ ရွေ့ဆိုင်းလိုက်လိုက်ပြီး၊ ဒါဟာ ရွေ့ပြောင်းတာမျိုးမဟုတ်ပဲ ရွေးကောက်ပွဲအတွက် ဥပဒေကြမ်းကို အသေးစိတ် ပြင်ဆင်နေတဲ့အတွက်ကြောင့် ၂၀၁၇ ခုနှစ်မှာတော့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ သို့သော်လည်း စစ်အစိုးရအနေနဲ့ကတော့ ဒီမိုကရေစီပြန်လည် ထွန်းကားရေးအတွက် လမ်းပြမြေပုံအတိုင်း လိုက်နာမည်ဟု အခိုင်အမာပြောနေဆဲဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရမည့်အစီအစဉ်ကို စစ်အစိုးရအနေနဲ့ တွယ်ဖက်ထားနေဆဲ ဖြစ်တယ်ဟု ဝန်းကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ “အစိုးရနဲ့ သက်ဆိုင်နေသမျှကာလပတ်လုံး ကျွန်တော်တို့က လမ်းပြမြေပုံအတိုင်းသွားမှာပါပဲ၊ အမျိုးသားဥပဒေပြုလွှတ်တော်ရဲ့ သဘောထားကတော့ သပ်သပ်ပေါ့ဗျာ” ဟု ဆန်ဆရန်ကွေကာမနာ့ဒ်က ပြောကြားခဲ့သည်။
 
ရင်လတ်ရှင်နာဝပ် အစိုးရပြိုကျပြီးထဲက စစ်တပ်နောက်ခံ ဘုရင်စနစ်ကို ထောက်ခံသူများနှင့် လူထုနိုင်ငံရေးအင်အားစုများကြာက ပဋိပက္ခတွေကို ဆယ်စုနှစ်ကျော်တိုင် တိုင်းပြည်အခြေနေငြိမ်သက်အောင် ထိန်းသိမ်းခဲ့တယ်ဟု စစ်တပ်က ပြောဆိုခဲ့သည်။
 
Source:အယ်ဂျာဇီယာ


Follow us on