1. Home
  2. International News

အိမ်နီးနားချင်းရဲ့ ဆယ်ကျော်သက်ဇနီးနဲ့ ဖောက်ပြန်ပြီး ကိုယ်ဝန်ရကာမှ တွင်းထဲကိုတွန်းချခဲ့သူ

International News ม.ค. 03, 2560 view 1,466

Christopher Lee လို့ အမည်ရတဲ့ အမျိုးသားဟာ အိမ်နီးနားချင်းအမျိုးသားရဲ့ ဆယ်ကျော်သက် ဇနီးနဲ့ ဖောက်ပြန်ခဲ့ပြီး၊ ကိုယ်ဝန်ရလာကာမှ အရှုပ်ထုပ်တွေ ပေါ်ကုန်မှာစိုးလို့ သတ္တုမိုင်းတွင်းထဲကို တွန်းချကာ အလောင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ပါတယ်။ တွန်းချခံရတဲ့ အမျိုးသမီးဟာ အသက် 19 နှစ်သာ ရှိသေးတဲ့ အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး၊ Erin Corwin လို့ အမည်ရပါတယ်။ Erin ဟာ သူမအနေနေနဲ့ Lee ကို Christopher ကို အမှန်တကယ် ချစ်မြတ်နိုးခဲ့ပြီး၊ ပေါ်ပေါ်ထင်ထင် အိမ်ထောင်အသစ် တစ်ခု ထူထောင်လိုခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ ယောက်ျား ကပ္ပတိန် Jonathan Corwin ဟာ ရေတပ်ဝန်ထမ်းတစ် ယောက် ဖြစ်ပြီး၊ ကယ်လီဖိုးနီးယား အခြေစိုက်ရေတပ်ဝင်းမှာ နေထိုင်ကြပါတယ်။ ၎င်းတို့ဟာ ကျောင်းမှာတွေ့ဆုံပြီး လက်ထပ်ခဲ့ကြတာပါ။ Christopher ကိုယ်တိုင်ကလည်း ရေတပ်သားတစ်ယောက် ဖြစ်ပါတယ်။

Erin ဟာ နှစ်နှစ်အကြာမှာ Christopher နဲ့ ဖောက်ပြန်ခဲ့ပြီး ချစ်ပွဲတွေ အလီလီနွှဲခဲ့ကြပါတယ်။ နောက်ဆုံးမှာ Erin ဟာ ကိုယ်ဝန် လွယ်ခဲ့ရပြီး၊ ဒီလိုအခြေအနေမျိုးဟာ Christopher အတွက်တော့ အလွန်ခက်ခဲတဲ့ ပြဿနာ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ သူ့မိသားစုပြိုကွဲနိုင်တယ်ဆိုတာကို သိခဲ့ရပါတယ်။ Christopher မှာလည်း သမီးငယ်လေးတစ်ယောက်နဲ့ ဇနီး သည် ရှိနေပါတယ်။ Erin ဟာ သူနဲ့ Christopher တို့ရဲ့ ဇာတ်လမ်း ပေါ်ပေါ်ထင်ထင်ဖြစ်လာစေရန် ရည်ရွယ်ပြီး၊ သူ ငယ်ချင်းတွေ မိတ်ဆွေတွေကို တစ်စွန်းတစ်စ ပြောခဲ့ရာက Christopher ကို ဒေါသပေါက်ကွဲစေခဲ့ပါတယ်။ နောက်ပိုင်းမှာ ကန္တရထဲကို Christopher က သွေးဆောင်ခေါ်သွားခဲ့ပြီး၊ ဒါကိုလည်း Erin က ပရိုပို့စ်လုပ်မယ်လို့ ထင်ထားခဲ့ပါတယ်။ အဲဒီမှာ Erin ဟာ မပြန်လမ်းကို မြန်းခဲ့ရမယ်ဆိုတာ မသိခဲ့ပါဘူး။ မကြာမီမှာ Erin ရဲ့ ခင်ပွန်းသည် Jonathan က ဇနီးသည် ပြန်မလာကြောင်း သက်ဆိုင်ရာကို တိုင်တန်းခဲ့ပြီး၊ ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။

နှစ်ရက်လောက် အကြာမှာ မိုင်းတွင်းလုပ်ငန်းတွေ လုပ်ကိုင်တဲ့ သဲကန္တာရနေရာမှာ Erin မောင်းသွားတဲ့ ကိုရိုလာကားကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ဆက်လက်ရှာဖွေခဲ့ပေမယ့် Erin ရဲ့ အလောင်းကိုမတွေ့ခဲ့ရပါဘူး။ Erin ဟာ သူမနဲ့ Christopher ဖောက်ပြန်နေတဲ့ အကြောင်းကို သူငယ်ချင်းတစ်ယောက်ကိုသာ ပြောပြခဲ့ပြီး၊ နှစ်လအကြာမှာ အဲဒီသူငယ်ချင်းဆီက အရေးကြီးသတင်းတွေ ရဲတပ်ဖွဲ့ရခဲ့ပါတယ်။ သြဂုတ်လ 16 ရက်နေ့မှာ Erin ရဲ့ ရုပ်အလောင်းကို အနက်ပေ 140 ရှိတဲ့ မိုင်းတွင်းထဲမှာ တွေ့ခဲ့ရပါတယ်။ အလောင်းကို စစ်ဆေးတဲ့အခါမှာ Erin ဟာ တွန်းချမခံရခင်မှာကတည်းက လည်ပင်းကို ညှစ်သတ်ခံခဲ့ရတယ်လို့ ယူဆရပါတယ်။

သူမရဲ့ အလောင်းနဲ့အတူ Christopher ကိုင်ဆောင်တဲ့ သေနက်နဲ့ အခြားသက်သေပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ပြစ်မှုကျူးလွန်တဲ့ Christopher ကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ Christopher ကို လူသတ်မှု နှစ်မှုနဲ့ အမှုဖွင့်ထားပြီး၊ ကိုယ်ဝန်က သက်ဝင်လှုပ်ရှားနေတဲ့ကိုယ်ဝန်ဖြစ်နေလို့ လူသတ်မှုနှစ်မှုစလုံးအတွက် တရားရုံးက ထောင်ဒဏ်တစ်သက် လွတ်ရက်လျှော့ရက်မရှိ ကျခံစေရမည်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။

Credit : shwemom



Follow us on