1. Home
  2. International News

မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်ထားသည့် IS အဖွဲ့၏ နောက်လိုက်ကို မလေးရှားတွင် ဖမ်းဆီးမိ

International News ม.ค. 04, 2560 view 1,606
မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်၍ တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သံသယရှိသော IS(Islamic State) ၏နောက်လိုက်ကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မလေးရှားထိပ်တန်း အကြမ်းဖက်မှုတိုက်ဖျက်ရေး အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ကြောင်း Straits Time သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
 
အရှေ့တောင်အာရှကွန်ယက်မှ IS အဖွဲ့ကို ထောက်ခံသူများကို စုစည်းပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဘင်္ဂါလီအရေးတွင် အကြမ်းဖက် တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်ထားကြသည့်အတွက် မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိကြောင်း မလေးရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့၏ အကြီးအကဲဖြစ်သူ အရော့ဘ်ခမ်းက မေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။
 
မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခြင်းမရှိသော အင်ဒိုနီရှားလူမျိုးတစ်ဦးကို ပြီးခဲ့တဲ့လက မလေးရှားတွင် ဖမ်းဆီးရမိခဲ့သည်။ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ချိပ်ဆက်မှုရှိသည့် သက်သေခံပစ္စည်းများ လက်ဝယ်တွေ့ရှိမှုကြောင့် တရားခံအား ဇန်နဝါရီ ၄ ရက်နေ့(ယနေ့)တွင် တရားစွဒဆိုသွားမည်ဖြစ်ပြီး ထောင်ဒဏ် (၇ နှစ်) သို့မဟုတ် ဒဏ်ငွေချမှတ်ဖွယ်ရာရှိတယ်လို့ အရော့ဘ်ခမ်းက ဆိုပါတယ်။ ဘင်္ဂါလီအရေးနဲ့ ပက်သက်ပြီး သူ့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ချင်တဲ့ သွေးကြွနေတဲ့သူတွေ အများအပြားရှိနေတယ်လို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။
 
ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးမှာ မြန်မာအစိုးရကို ဆန့်ကျင်ပြီး ဂျီဟတ်လုပ်ဖို့ သူက စီစဉ်နေသူပါ
 
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကြောင့် မှေးမှိန်နေတဲ့ အစ္စလာမ်မစ်ကွန်ယက် မီးတုတ်ကဲ့သို့ ကူးစက်ဆန့်ထွက်လာပြီး ဖိလစ်ပိုင်ကနေ အင်ဒိုနီးရှား၊ အဲဒီကနေ မလေးရှားတို့ကို အရှေ့အလယ်ပိုင်းရှိ ISIS အဖွဲ့နဲ့ချိပ်ဆက်မိစေတယ် လုံခြုံရေးသုံးသပ်လေ့လာရေးအဖွဲ့က ဆိုပါတယ်။
 
အရှေ့တောင်အာရှက အများစုဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖီလစ်ပိုင်တို့မှ မွတ်ဆလင်တွေဟာ အရှေ့အလယ်ပိုင်းကို သွားရောက်ပြီး ISIS အဖွဲ့နဲ့ ပူးပေါင်းမူတွေရှိနေတယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေး ရဲအဖွဲ့က ပြောဆိုပါတယ်။
 
၂၀၁၆ နိုဝင်ဘာလတုန်းကလည်း အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို တိုက်ခိုက်ရန် စီစဉ်သူများကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ထိန်းသိမ်းဖမ်းဆီးခဲ့သည်။ ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးကို IS အဖွဲ့က ပြဿနာတစ်ရပ်အနေနှင့် အထူးအာရုံစိုက်လာနေသည့်အတွက် မြန်မာနိုင်ငံအနေနှင့် အမြန်ဆုံး ပြေလည်အောင်ဖြေရှင်းဖို့လိုအပ်ကြောင်း ဖော်ပြထားသည်။
 
Source:StraitsTimes


Follow us on