1. Home
  2. International News

ထရန့်၏ဝေဖန်မှုကြောင့် မက္ကဆီကိုနိုင်ငံက ဖို့စ်ကားစက်ရုံခွဲကို ဖျက်သိမ်းမည်

International News ม.ค. 05, 2560 view 1,453

အမေရိကန်ကားထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ ဖို့စ်ကုမ္ပဏီက အရင်စီစဉ်ခဲ့တဲ့ မက္ကဆီကို နိုင်ငံမှာ စက်ရုံခွဲ တည်ဆောက်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး မီရှီဂန်ပြည်နယ် စက်ရုံကိုပဲ တိုးချဲု့တော့မယ်လို့ ကြေညာပါတယ်။ မက္ကဆီကိုနိုင်ငံမှာ စီစဉ်ခဲ့တဲ့ ကားစက်ရုံခွဲဟာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံအကုန်အကျခံ တည်ဆောက်ဖို့ ဖြစ်ပေမယ့် အခုတော့ အမေရိကန်နိုင်ငံက လက်ရှိစက်ရုံကိုပဲ အမေရိကန် ဒေါ်လာ သန်း ၆၀၀ အကုန်အကျခံပြီး တိုးချဲ့မယ်လို့ ကုမ္ပဏီအရာရှိချုပ် မတ်က်ဖီးလ်(Mark Fields) က ပြောဆိုခဲ့တာပါ။ လတ်တလောမှာ အငယ်စားကားတွေ အရောင်းကျနေတာက တကြောင်း၊ အခုလမှာ တက်လာတော့မယ့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ စီးပွားရေးမူဝါဒတွေအပေါ်မှာ ယုံကြည်မှုရှိတာက တကြောင်း အခုလိုဆုံးဖြတ်ခဲ့ရတာလို့လည်း ဖို့စ်ရဲ့ အရာရှိချုပ်က ပြောဆိုပါတယ်။

သမ္မတသစ် ဒေါ်နယ်ထရမ့်က အမေရိကန်ကားစက်ရုံတွေကို နိုင်ငံထဲမှာ မတည်ဆောက်ပဲ လုပ်ခသက်သာတဲ့ မက္ကဆီကိုနိုင်ငံမှာ ကားမော်ဒယ်သစ်တွေ သွားထုတ်လုပ်တဲ့ ဖို့စ်ကုမ္ပဏီနဲ့ ဂျီအမ် ကားကုမ္ပဏီကိုပါ အပြစ်တင်ဝေဖန်တာပါ။ ဖို့စ် ကားကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုမှာ ဒုတိယအကြီးဆုံး ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး အခုတိုးချဲ့မယ် မီရှီဂမ်ပြည်နယ်က စက်ရုံမှာ လျှပ်စစ်ကားတွေနဲ့ မောင်းသူမဲ့ကားတွေ ထုတ်လုပ်မယ်လို့ ပြောဆိုပါတယ်။

Credit : burmese.dvb.no/



Follow us on