1. Home
  2. International News

လူငယ်တစ်ဦးကို မိန်းကလေး နှစ်ဦးပါ လေးဦးအဖွဲ့က ကန်ကျောက်နှိပ်စက်သည့် ဗီဒီယိုဖေ့စ်ဘုတ်တွင် တိုက်ရိုက်လွှင့်တင်

International News ม.ค. 05, 2560 view 1,493
လူငယ်တစ်ဦးအား ကြိုးတုတ်ချည်နှောင်ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးပါဝင်သော လူငယ်အဖွဲ့က ထိုးကြိတ်ကန်ကျောက်သော ဗီဒီယိုကို လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာတွင် လွှင့်တင်ခဲ့သည့်အတွက် မသင်္ကာသူ လေးဦးကို ဖမ်းဆီးထိန်းသိမ်းရန် ချီကာဂိုရဲဌါနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
အဆိုပါဗီဒီယိုကို “Brittany Herring” ဖေ့စ်ဘုတ်အကောင့်မှ ဗုဒ္ဓဟူးနေ့တွင် လွှင့်တင်ခဲ့ပြီး သိပ်မကြာမီမှာ ပြန်လည်ဖျက်ချခဲ့ပါတယ်။ ဗီဒီယိုထဲတွင် လူငယ်ကို ကန်ကျောက်ရင်း ဒေါ်နယ်ထရန့်နှင့် လူဖြူတွေကို ဆဲဆိုတဲ့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လူငယ်အဖွဲ့ဟာ သူတို့ကိုယ် သူတို့လည်း ဗီဒီယိုပြန်လည် ရိုက်ယူခဲ့ပြီး အခန်းထဲမှာ အရက်သေစာ ပုလင်းတွေလည်း တွေ့ရှိခဲ့ပါတယ်။
 
 
ချုပ်နှောင်ခံထားရသူဟာ လူဖြူတစ်ဦးဖြစ်ပြီး လူမည်းတွေက ကန်ကျောက်နှိပ်စက် ခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံရေးအရသော်၎င်း လူမှုရေးအရသော်၎င်း ကွဲကွဲပြားပြားမသိရှိရသေးပဲ နှိပ်စက်ခံခဲ့ရသးလူငယ်မှာ စကားပင်ပြန်မပြောနိုင်ပဲ အကြောက်လွန်နေကြောင်း သိရှိရပြီး ဖြစ်စဉ်ကို ဆက်လက်စုံစမ်းလျှက်ရှိသည်။
 


Follow us on