1. Home
  2. Myanmar News

ချင်းတွင်းမြစ်အတွင်း ရေယာဉ်နှစ်စင်းတိုက်မိ

Myanmar News ม.ค. 06, 2560 view 1,532
ဇန်နဝါရီလ ၅ ရက်နေ့ ည ၈ နာရီခွဲ့ခန့်အချိန်တွင် ချင်းတွင်းမြစ်အတွင်း မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာ အထက်နားတွင် ခရီးသည်တင်ရေယာဉ်နှင့် ကုန်တင်ရေယာဉ်တို့  တိုက်မိကြောင်း သတင်းရရှိသည်။
 
 
ဟုမ္မလင်းမှစုန်လာသော စိုးသူရအောင် ခရီးသည်တင် အမြန်ရေယာဉ်အား မုံရွာမှ ဆန်တက်လာသော ဂျိုးဝါ ကုန်တင်အမြန်ရေယာဉ်မှ ခါးလယ်မှဖြတ်၍ ဝင်တိုက်ေခဲ့သဖြင့် ခရီးသည်တင်ရေယာဉ်တွင် ရေများ ဒလဟောဝင်လာခဲ့သဖြင့် နီးစပ်ရာကမ်းသို့ အမြန်ကပ်ခဲ့ရကြောင်း စိုးသူရအောင် ရေယာဉ်ပေါ်ပါလာသူ ခရီးသည် ဒေါ်သီတာမှ သတင်းပေးပို့ခဲ့သည်။
ရေယာဉ်နှစ်စင်း တိုက်မှုကြောင့် လူအသေအပျောက်မရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း ပေးပို့လာသော ဓါတ်ပုံများအရ သိရှိရသည်။ 
 
 
 
 
သိပ်မကြာသေးမီကပဲ ရေယာဉ်နှစ်စင်း အပြိုင်မောင်းနှင်မှုကြောင့် ခါးလယ်မှ ဖြတ်တိုက်ခံရလုနီးပါး ဖြစ်ပျက်ခဲ့ပြီး ဗီဒီယိုနှင့်တစ်ကွ အွန်လိုင်းပေါ်တွင် ပြန့်နှံ့ခဲ့သေးသည်။ ဗီဒီယိုကြည့်ရှုရန် ဤနေရာကို နှိပ်ပါ။
 
Source: Kyaw Min Htut, Maung Mon Aung
 


Follow us on