ရေယာဉ်နှစ်စင်း အလုအယက် ပြိုင်ဆိုင် မောင်းနှင်မှုကြောင့် အသက်ဘေးကြုံခဲ့ရသူ ခရီးသည်များ
03 Jan 2017 1,974 Views
မြန်မာနိုင်ငံဒေသတွင်းမှာ ခရီးသွားပြည်သူများအတွက် ပြေးဆွဲပေးနေကြသော စက်တပ်ယာဉ်များမှာ မောင်းနှင်သူများ၏ တာဝန်မဲ့လုပ်ရပ်နှင့် လောဘ၊ ဒေါသများကြောင့် မဆုံးရှုံးသင့်ပဲ အသက်ဆုံးရှုံးခဲ့ကြသည့် ခရီးသည်များမှာ မနည်းတော့ပေ။
သိပ်မကြာမီအချိန်ကလည်း ချင်းတွင်းမြစ်ကြောင်းရေယာဉ်၏ လောဘကြောင့် တန်ချိန်များ ပိုတင်ခဲ့သဖြင့် ခရီးသည်များစွာ အသက်ဆုံးရှုံးခဲ့ရခဲ့သည်။ အလားတူအဖြစ်မျိုးများ ယခင်ကလည်း ဖြစ်ခဲ့ဖူးပြီ၊ သို့သော် သင်ယူစဉ်းစားခြင်း အလျှင်းမရှိပဲ တာဝန်မဲ့၊ ဆင်ခြင်မဲ့စွာဖြင့် မောင်းနှင်နေကြသူများ ရှိနေကြသေးသည်။
လမ်းမပေါ်တွင် သွားသော မော်တော်ယာဉ်လိုင်းကားများပင် ပြိုင်မောင်းသည်မဟုတ်ပဲ မြစ်ကြောင်းအတွင်းသွားလာနေကြသော ခရီးသည်တင် ရေယာဉ်များလည်း ပြိုင်ဆိုင်မောင်နှင်ခြင်းက အလွန်အန္တရာယ်များလှပါသည်။
ယခုဗီဒီယိုတွင် ချောင်းဝမှ ပုသိမ်သို့ ထွက်ခွာလာရာမြစ်ကြောင်းအတွင်း တစ်စီးနှင့်တစ်စီး အပြိုင်အဆိုင် လုယက်ကာ ကျော်တက်ခဲ့သည်အတွက် ရေယာဉ်၏ ခါးလည်ပိုင်းသို့ ဖြတ်တိုက်ခါနီး (near miss) ပွတ်ကာသီကာဖြစ်၍ ရေယာဉ်ပေါ်ပါ ခရီးသည်များ အထိတ်တလန့်ဖြစ်ခဲ့ကြရသည်ကို မြင်တွေ့ခဲ့ရသည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် ယခုကဲ့သို့သော ဖြစ်ရပ်များကြောင့် အပြစ်မဲ့ ပြည်သူများ အသက်မဆုံးရှုံးရအောင် စည်းကမ်းကြပ်မတ် ထိန်းသိမ်းသင့်ပါကြောင်း ဖော်ပြအပ်ပါသည်။
VideoCredit:kyaw yethwin







