1. Home
  2. International News

ဟိန္ဒူဘုရားပွဲတွင် အမျိုးသမီးများ မလုံမခြုံဝတ်ဆင်ပါက ဆေးမှုတ်ခံရမည်ဟု မလေးရှားမှအဖွဲ့တစ်ဖွဲ့ သတိပေး

International News ม.ค. 09, 2560 view 1,619
လူမှုကွန်ယက် ဖေ့စ်ဘုတ်ပေါ်မှ အဖွဲ့တစ်ဖွဲ့က မလေးရှားနိုင်ငံတွင် ပြုလုပ်မည့် ဟိန္ဒူဘုရားပွဲတော်အတွင်း ဟိန္ဒူအမျိုးသမီးများ မလုံမခြုံ ဝတ်ဆင်လာပါက မှုတ်ဆေးဗူးဖြင့် ဆေးမှုတ်ခြင်းခံရမည်ဟု သတိပေးလိုက်သည်။
 
Thaipusam  Spraying Group” ဖေ့စ်ဘုတ်အဖွဲ့၏ စာမျက်နှာတွင် ဆာရီဝတ်ထားသော အမျိုးသမီးများ ကျောသာပေါ်နေသော ပုံကို ကာဗာဓါတ်ပုံတင်ထားပြီး ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့ကို ဖွဲ့စည်းသူမှာ Henry Barnabas ဆိုသူဖြစ်ပြီး ထောက်ခံအားပေးခဲ့သူ အမျိုးသားများရှိနေခဲ့သည်။
ယင်းကဲ့သို့ အမျိုးသမီးများအပေါ် တစ်ဖက်သတ် သတိပေးခဲ့မှုအတွက် အမျိုးသမီးအဖွဲ့ တစ်ဖွဲ့မှ ပြန်လည် တုံ့ပြန်ပြောကြားခဲ့သည်။
 
ဘာသာရေးမှာ အမျိုးသမီးတွေ အဝတ်အစားဝတ်တဲ့အကြောင်းပဲ တစ်ချိန်လုံးပြောနေတာ မလျှော့နိုင်ကြတော့ဘူးလား
အမျိုးသမီးတွေ အဝတ်အစားဝတ်တာ ဘယ်သူကိုမှလဲ အနှောက်အယှက်မပေးဘူး၊ ရိုးရာဓလေ့ကိုလည်း မဖျက်ဆီးဘူး၊ ကိုယ်ကွယ်ယုံကည်မှုကိုလည်း အဟန့်အတား မဖြစ်စေပါဘူး
ဒီလောက် အသုံးမကျတဲ့ကောင်တွေ အပြင်ထွက်လာပြီး အာရုံနောက်မယ့်အစား အိမ်ထဲမှာပဲ နေကြ” ဟု ပြန်လှန်ပြောဆို ဝေဖန်ခဲ့ကြသည်။
 
အချို့ကလည်း ဆာရီဝတ်လို့ ပေါ်နေတဲ့ နေရာကို ဆေးမှုတ်ဖို့ ဆေးဗူးတွေ ဝယ်မယ့်အစား ပဝါလေးတွေ ဝယ်ပြီး ခြုံခိုင်းတာက ပိုပြီးဖြစ်သင့်တဲ့ လုပ်ရပ်လို့ အကြံပေးခဲ့ပါတယ်။ မလေးရှား နိုင်ငံရေးသမားတစ်ဦး ဖြစ်သူ Tan Sri Devaki Krishnan က အမျိုးသားတွေအနေနဲ့ ပွဲတော်အချိန်မှာ လေးစားတဲ့အနေနဲ့ ပိုပြီးထိန်းထိန်သိမ်းသိမ်းနေကြဖို့ အမျိုးသမီးတွေကို အားပေးလှုံ့ဆော်ဖို့ လိုအပ်ကြောင်းနှင့် လုံလုံခြုံခြုံဝတ်စားလာတဲ့ အမျိုးသမီးတွေအပေါ်ကိုလည်း လေးလေးစားစားနဲ့ ဆက်ဆံသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
 
ဆေးမှုတ်ရန် လှုံ့ဆော်ထားသည့် အဖွဲ့ကို ပွဲတော်ရက်မှာ သူတို့ပြုလုပ်မယ့် အစီစဉ်တွေအတွက် မလေးရှားရဲအဖွဲ့က သတိပေးထားကြောင်း သတင်းရရှိသည်။
 
Source:FMT
 


Follow us on