1. Home
  2. International News

ဟောင်ကောင် ကျောင်းသားခေါင်းဆောင် ထိုင်ဝမ်မှာ ရဲအစောင့်အရှောက်နဲ့ နေရ

International News ม.ค. 11, 2560 view 1,489

စနေနေ့က တရုတ်အစိုးရလိုလားတဲ့ ဆန္ဒပြသူတစ်ဦးရဲ့ မအောင်မြင်တဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ကြိုးပမ်း မှုနောက်ပိုင်းမှာ ဟောင်ကောင်ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ ဂျိုရွာဝေါင်ဟာ ထိုင်ဝမ်မှာ ရဲအစောင့်အရှောက်နဲ့ နေနေရ တယ်လို့ ဒေသတွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။ ထိုင်ဝမ်အခြေစိုက် New Power Party (NPP) ပါတီက လက်ခံကျင်းပတဲ့ နိုင်ငံရေးဖိုရမ်ကို ဝေါင်နဲ့အတူ ဟောင်ကောင်ဥပဒေပြုအမတ်တွေ ဖြစ်ကြတဲ့ နေသန်လော၊ အက်ဒီချူးနဲ့ အက်ဒွပ်ယူတို့ တက်ရောက်ခဲ့ကြပါတယ်။ ဟောင်ကောင်နဲ့ ထိုင်ဝမ် ဒီမိုကရေစီ အရေးလှုပ်ရှားမှုပူးပေါင်းလုပ်ဖို့ရည်ရွယ်တဲ့ နှစ်ရက်ကြာနိုင်ငံရေးဖိုရမ်ဟာ ထိုင်ဝမ် ကျွန်းပေါ်က ဘေဂျင်းအစိုးရနဲ့ ပေါင်းစည်းရေးကို လိုလားတဲ့အဖွဲ့တွေကို ရန်လိုတဲ့ အပြုအမူတွေလုပ်ဖြစ်အောင် ဆွပးလိုက် သလိုဖြစ်ခဲ့ပါတယ်။

အဲသည်အဖွဲ့တွေက သည်လှုပ်ရှားမှုဟာ ခွဲထွက်ရေးအတွက် ပူးပေါင်းလှုပ်ရှားတာလို့ ယူဆနေကြတာ ဖြစ်ပါတယ်။ တရုတ်အစိုးရကို  လိုလားသူ ဆန္ဒပြသ မား ၂၀ဝ ဝန်းကျင်ဟာ ထိုင်ဝမ်လေဆိပ် ဆိုက်ရောက်ခန်းမမှာ စုဝေးခဲ့ ကြတယ်လို့ ဆောက်ချိုင်းနားမောနင်းပို့စ် ( SCMP) က သတင်းဖော်ပြခဲ့ပါတယ်။ သူတို့တွေဟာ ဝေါင်နဲ့ ဟောင်ကောင်ဥပဒေပြုအမတ် တွေနဲ့ ပတ်သက်နေတဲ့ ဆောင်ပုဒ်တွေကို  သံပြိုင်ကြွေးကြော်ခဲ့ကြပါတယ်။ သူတို့ကို ထိုင်ဝမ်က မကြိုဆိုဘူးလို့လည်း ကြွေးကြော်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေထဲက တစ်ဦးက ရဲအတားအဆီးတွေကို တိုးဝင် ပြီး ဝေါင်ကို လက်သီးနဲ့ထိုးဖို့ ကြိုးစားခဲ့ပါ တယ်။ သူ့ကို  ရဲကားထဲ အလျင်အမြန်ပို့ခဲ့ ရတယ်လို့လည်း SCMP က သတင်းဖော် ပြ ခဲ့ပါတယ်။ ဟောင်ကောင်လေဆိပ်မှာလည်း ဝေါင်ထွက်ခွာခါနီး တရုတ်အစိုးရကို ထောက်ခံသူ ၅၀ ဝန်းကျင်စုဝေးခဲ့ကြပါ တယ်။ ‘တရုတ်အစိုးရကို ထောက်ခံသူတွေ ဟောင်ကောင်ရော ထိုင်ဝမ်မှာပါ တွေ့ရလိမ့်မယ်လို့ ကျွန်တော်ထင်မထားခဲ့ဘူး˘ လို့ စနေနေ့ နေ့လယ်မှာပြုလုပ်တဲ့ ဖိုရမ်မှာ ဝေါင်က ပြောကြားခဲ့ပါတယ်။

အခုဖြစ်ရပ်ဟာ သူ့အတွက် ထိုင်ဝမ်မှာ ပထမဆုံးအ ကြိမ် ဆန္ဒပြမှုနဲ့ ပက်ပင်းကြုံတွေ့ရတာပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ သူ ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ထိုင်ဝမ်ကို လာရောက်ခဲ့ဖူးတယ်လို့SCMP က ဖော်ပြထားပါတယ်။ ဖိုရမ်ကျင်းပရာနေရာ အပြင်ဘက်မှာ လည်း ဆန္ဒပြခဲ့ကြပြီး ထိုင်ဝမ်နဲ့ ဟောင် ကောင်က ခွဲထွက်ရေးလှုပ်ရှားသူ လူဖျင်းတွေရဲ့ ပူးပေါင်းလိမ်လည်ဉာဏ်ဆင်မှုကို ကန့်ကွက်တယ်လို့ သံပြိုင်ကြွေးကြော်ဆန္ဒ ပြခဲ့ကြပါတယ်။ သူတို့ထိုင်ဝမ်မှာရှိနေစဉ်တစ်လျှောက်လုံး ရဲတပ်ဖွဲ့ရဲ့ ကာကွယ်စောင့် ကြပ်မှု အောက်မှာနေရမယ်လို့ ရဲအုပ်က SCMP ကို ဖြေကြားခဲ့ပါတယ်။ သည်ဖိုရမ်ဟာ ခွဲထွက်ရေးကို လိုလားတဲ့ထောက်ခံသူတွေကြားက ပူးပေါင်း ကြံ စည်မှုတစ်ရပ်သာဖြစ်တယ်လို့ ပြီးခဲ့တဲ့လ က တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးက ရှုတ်ချခဲ့ပါတယ်။ သည်အစီအစဉ်ဟာ အထ မြောက်မှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

Credit : kumudranews



Follow us on