1. Home
  2. International News

မြောက်ကိုရီးယားကုန်တင်သင်္ဘောနစ်မြုတ် သင်္ဘောသားများအား ဂျပန်မှကယ်ဆယ်

International News ม.ค. 12, 2560 view 1,436
ဇန်နဝါရီ ၁၂ ရက် (ယနေ့)နံနက် စောစောပိုင်းက မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စီး အရှေ့တရုပ်ပင်လယ်တွင်း နစ်မြုတ်ခဲ့ပြီး သင်္ဘောသား ၂၆ ဦးကို ဂျပန်ကမ်းခြေစောင့်တပ်မှ ကယ်တင်ခဲ့ရကြောင်း သတင်းရရှိသည်။
 
ကုန်တင်သင်္ဘောနစ်မြုတ်သည့်အတွက် အသက်ကယ်လှေများဖြင့် သင်္ဘောမှစွန့်ခွာလာကြသော ကိုရီးယားသင်္ဘောသားများကို ယနေ့နံနက် စောစောပိုင်းတွင် ကယ်ဆယ်ခဲ့ရသည်။ 
 
နာဂါစာကီပိုင်နက်ဖြစ်သော ဖူကူးကျွန်းနှင့် အနောက်တောင်ဘက် ကီလိုမီတာ ၆၀ အကွာရှိ တန်ချိန် ၆,၅၅၈ ရှိသည့် ချွန်ဂန်းသင်္ဘောမှ အကူညီတောင်းခံသော အချက်ပေးမှုကို ဗုဒ္ဓဟူးနေ့က ရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ နံနက်ဝေလီဝေလင်းအချိန် ကမ်းခြေမှ ၂၇ ကီလိုမီတာအကွာအဝေးတွင်  သင်္ဘောမှာ နောက်ဆုံးနစ်မြုတ်သွားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ သင်္ဘောသည် ဆန်များတင်ဆောင်ကာ မြောက်ကိုးရီးယား အနောက်ဘက်ကမ်းခြေရှိ နမ်ပိုဆိပ်ကမ်းမှ အရှေ့ဘက်ရှိ မြို့တော် ဝန်ဆန်ကို ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောသားများထံမှ သိရှိရသည်။
 
သင်္ဘောနစ်မြုတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်ဦးမှမရှိပဲ အားလုံးဘေးကင်းခဲ့ပြီး သင်္ဘောနစ်မြုတ်ရသည့် အကြောင်းကို ဆက်လက်စစ်ဆေးသွားမယ်လို့ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနှင့် ဂျပန် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး မရှိသည့်အတွက် သင်္ဘောသားများတွက် မည်သို့ဆောင်ရွက်ရမည်ကို မဆုံးဖြတ်နိုင်သေးကြောင်း ပြောဆိုခဲ့သည်။
 
Source:indiaexpress
 


Follow us on