1. Home
  2. International News

မက္ကဆီကိုက ပြည့်တန်ဆာအိုကြီးများအတွက် ခိုလှုံရာ

International News ม.ค. 13, 2560 view 1,516

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့တော်ရှိ Casa Xochiquetzal မှာ အစိုးရ အစောင့်အရှောက်နဲ့ သီးသန့်ထားရှိတဲ့ ပြည်တန်ဆာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့ရတဲ့ အမျိုးသမီးတွေ ခိုလှုံရာ ဂေဟာတွေ ရှိပါတယ်။ အဆိုပါ ဂေဟာများမှာ အသက် အငယ်ဆုံး 50 နှစ်နဲ့ အထက် ပြည့်တန်ဆာအို အမျိုးသမီးတွေကို အစားအစာ၊ အ၀တ်အစားနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအပြည့် ပေးကာ ထောက်ပံထားပါတယ်။ ပြင်သစ်ဓာတ်ပုံဆရာ Benedicte Desrus ဟာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဖွားအရွယ် အမျိုးသမီးကြီးတွေရဲ့ ဓာတ်ပုံတွေကို ရှစ်နှစ်တာအတွင်း စုဆောင်ခဲ့ပြီး ပူးတွဲစာရေးဆရာ Celia Gomez Ramos နဲ့အတူ Las Amorosas Mas Bravas (The Toughest Lovers) လို့ အမည်ရတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။

သူဟာ ဂေဟာမှာရှိတဲ့ အမျိုးသမီးကြီးတွေကို ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပြီး၊ ဘ၀နဲ့ပတ်သက်တဲ့ အင်တာဗျူးတွေလည်း အများကြီး ပြုလုပ်ခဲ့ပါတယ်။ ယခင်က အဆိုပါ အမျိုးသမီးများဟာ မက္ကဆီကို မီးရောင်တွေအောက်မှာ ဘ၀တွေ ရုန်းကန်ခဲ့ရ ပြီး မူးယစ်ဆေးနဲ့ အန္တရာယ်တွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ထိုစဉ်က လမ်းပေါ်အိပ်၊ လမ်းပေါ်စား၊ ခေါ်ရင်လိုက်သွား၊ အကြမ်းဖက်ရင်ခံ၊ ရိုက်နှက်ရင် ပြန်မပြောနဲ့ဆိုတဲ့ ပြည့်တန်ဆာတိုင်း ကျင့်သုံးခဲ့ရတဲ့ မူကို ခေါင်းထဲမှာ ကျင့်ဝတ်တစ်ခုလို စွဲမြဲစွာ မှတ်ထားရင်း၊ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ကို ရရင်ရသလို၊ ဖြစ်နိုင်သလောက် ရုန်းကန်ခဲ့ရပါတယ်။

ဒီဂေဟာကို စတင်ဖွင့်လှစ်ခဲ့သူကတော့ Carmen Munoz ဖြစ်ပြီး သူမကလည်း ယခင်က ပြည်တန်ဆာဟောင်းပါဘဲ။ နောက်ပိုင်းမှာ သူမလို ဘ၀တူ ပြည့်တန်ဆာတွေရဲ့ဘ၀ကို ကိုယ်ချင်းစာတွေးမိပြီး ဒီဂေဟာကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတစ် လွှားမှာလည်း ဒီလိုဂေဟာတွေ ပေါ်ပေါက်ဖို့ ကူညီခဲ့ပါတယ်။ Casa Xochiquetzal ဂေဟာကို စတင်ဖွင့်လှစ်စဉ်က နိုင်ငံစီးပွားရေးပျက်ကပ်၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အခက် အခဲတွေ များစွာ ရင်ဆိုင်ခဲ့ရပါတယ်။ ထိုစဉ်က အစိုးရကလည်း နှောက်ယှက်မှုတွေ ပြုလုပ်ခဲ့လို့ လုပ်ငန်း မထိရောက်ခဲ့ပါဘူး။ နှစ် 20 နောက်ပိုင်းမှာ ခေတ်က အရင်ကထက် ပိုကောင်းလာခဲ့သလို၊ လူတွေရဲ့ အသိစိတ်ထဲမှာ ပြည့်တန်ဆာတွေကို ပြစ်ပယ်မထားသင့်ဘူးလို့ တွေးခေါ်တတ်ခဲ့ကြပါတယ်။

ဒါကြောင့် အလှူရှင်တွေ ပုဂ္ဂလိကပရိဟိတသမားတွေ ပေါ်ပေါက်ပြီး လမ်းပေါ်မှာ ဖြစ်သလို နေထိုင်စားသောက်နေရတဲ့ ပြည်တန်ဆာအို အမြောက်အများကို ကယ်တင်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဘ၀တူ ပြည့်တန်ဆာအိုအမျိုးသမီးတွေဟာ ဂေဟာမှာ အချင်းချင်း စလိုက်၊နောက်လိုက်၊ ၀တ်ပြုဆုတောင်းလိုက်၊ ရယ်မောစရာတွေ ပြန်ပြောလိုက်နဲ့ ဘ၀ကို ဖေးဖေးမမ ဖြတ်သန်းနေကြပါတယ်။ အခုတော့ သက်ကြီးရွယ်အို ပြည့်ဆန်ဆာအို အမျိုးသမီးပေါင်း 300 ခန့်ကို စောင့်ရှောက်ထားတယ်လို့ သိရတယ်။

Credit : “shwemom”



Follow us on