1. Home
  2. International News

ကိုရီးယားလေကြောင်းလိုင်း လျှပ်စစ်သေနတ်တွေ အသုံးပြု

International News ม.ค. 20, 2560 view 1,491

ကိုရီးယားလေကြောင်း (Korean Air) ဟာ ခေတ္တ ခဏ လှုပ်ရှားမှုကို ရပ်တန့် သတိလစ် သွားစေတဲ့ လျှပ်စစ်ရှောခ်သေနတ် (တေဇာ) တွေကို လေယာဉ်ပေါ်မှာ အသုံးပြုနေကြောင်း ဘီဘီစီကို ပြောပါတယ်။ ကိုရီးယားလေကြောင်းလိုင်းဟာ ဒီလို သေနတ်မျိုးတွေ တပ်ဆင်ထားတဲ့ တစ်ခုတည်းသော အဓိက လေကြောင်းလိုင်းကြီး တစ်ခု ဖြစ်တယ်လို့ ယူဆရပါတယ်။ ၂၀၀၂ ခုနှစ်ကတည်းက လေကြောင်းလိုင်းမှာ လျှပ်စစ်သေနတ်တွေ စတင် တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။ အခု အချိန်မှာ လေကြောင်းလိုင်းပိုင် လေယာဉ်တိုင်းမှာ တေဇာသေနတ် တစ်စုံစာ တပ်ဆင်ထားပြီး အေ၃၈၀ ဂျမ်ဘိုဂျက် လေယာဉ်ကြီးတွေ ဆိုရင် နှစ်စုံ ထားတယ်လို့ ပြောပါတယ်။

လျှပ်စစ် တေဇာ သေနတ် အသုံးပြုပြီး ခရီးသည် ၅ ယောက်ကို ထိန်းသိမ်းခဲ့ရကြောင်းကိုလည်း လေကြောင်းလိုင်းရဲ့ ပြောခွင့်ရသူက ဘီဘီစီကို အတည်ပြုပါတယ်။ ဖြစ်စဉ်တွေရဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။ ဒါပေမယ့် လေယာဉ် လေထဲပျံသန်းနေတုန်းမှာ ဒီဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကိုရီးယားလေကြောင်းလိုင်းရဲ့ လေယာဉ်တွင်း စည်းကမ်းဖောက်ဖျက် ရမ်းကားတဲ့ ခရီးသည်တွေ အပေါ် ထိန်းသိမ်းနိုင်မှု စွမ်းရည် အပေါ် ဝေဖန်မှုများ လောလောလတ်လတ် ကြုံတွေ့ရအပြီးမှာ လေကြောင်းလိုင်းဟာ သူတို့ရဲ့ လေယာဉ်ဝန်ထမ်းတွေကို လျှပ်စစ်ရှောခ်သေနတ် အသုံးပြုပုံ သင်တန်းတွေ တိုးမြှင့်ပေးနေပါတယ်။

အရင်လတုန်းက အမေရိကန် အဆိုတော် ရစ်ချတ်မားစ်နဲ့ ဇနီး ဖြစ်သူ ဒေစီဖွန်းတေ့စ်တို့ဟာ ကိုရီးယားလေကြောင်းလိုင်း ဝန်ထမ်းတွေရဲ့ စည်းကမ်းပျက် ခရီးသည် တစ်ဦး အပေါ် ထိန်းသိမ်းမှု ညံ့ဖျင်းမှုကို သူတို့ရဲ့ အွန်လိုင်း လူမူကွန်ရက်စာမျက်နှာပေါ်ကနေ ဝေဖန်ခဲ့ဖူးပါတယ်။

Credit : BBC Burmese



Follow us on