1. Home
  2. International News

မည်သည့်နေရာကိုမဆို ရောက်ရှိနိုင်သည့် တရုတ်ကိုယ်ပျောက်ရေငုပ်သင်္ဘော

International News ม.ค. 20, 2560 view 1,495

တရုတ်နိုင်ငံ၏လျှို့ဝှက်ရေငုပ်သင်္ဘောဓာတ်ပုံသစ်များပေါ်ထွက်လာခဲ့ပြီး မကြာသေးမီက ရေငုပ်သင်္ဘောသည် အမေရိကန်သို့ရောက်ရှိနိုင်လောက်သည့်စွမ်းအားမြင့်ဒုံးကျည်များတပ်ဆင်ထားသည်ဟု ယူဆရကြောင်း သိရသည်။ Jin Type 094A ရေငုပ်သင်္ဘောသည် မိုင် ပေါင်း ၆၈၃၅ မိုင်အထိသွားနိုင်သောbig waves ဟု လူသိများသည့် ရေငုပ်သင်္ဘောပစ်ပဲ့ထိန်းပါဒုံးကျည် ၁၂ ခုကို လျှို့ဝှက်တပ်ဆင်လာခဲ့သည်ဟု ခန့်မှန်းရသည်။ နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရ သည်နှင့်မတူဘဲ လျှို့ဝှက်ရေငုပ်သင်္ဘော ကို ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည်။ ရေငုပ်သင်္ဘော၏ပုံသဏ္ဌာန်ကို ရေထဲ၌ လေခွင်းအားပိုမို ကောင်းမွန်အောင်ပြု လုပ်ထားပြီး အနောက်ဘက်တွင် ဒုံး ကျည်များတပ်ဆင်ထားသည်။

တရုတ် နိုင်ငံ၏ ယခင်မြင်တွေ့ခဲ့ရဖူးသော ရေငုပ် သင်္ဘောမော်ဒယ်လ် Type 094 SSBNs နှင့်အနည်းငယ်သာကွာခြားသည်။ မျှော် စင်ခန်းက အကွေးပုံစံရှိပြီး အရှေ့ဘက် အောက်ခြေမှာ ကိုယ်ထည်ထဲတွင် ပျောက်ကွယ်နေသောကြောင့် အရည်၏ဆွဲအားကို လျှော့ချနိုင်မည်ဖြစ်သည်။ Type 094A တွင် လွန်ကြိုးနှင့်ချိတ်ဆက်ထားသောခြေရာခံဆိုနာပါဝင်၍ အန္တရာယ်များကို ပိုမိုစောစီးစွာသိရှိနိုင် ကာရှောင်ရှား နိုင်လိမ့်မည်ဖြစ်သည်။ ရေငုပ်သင်္ဘောကို ဟိုင်နန်ကျွန်းရှိ ယုလင်ရေတပ်အခြေစိုက် စခန်းတွင် ဓာတ်ပုံရိုက်ကူးရယူနိုင်ခဲ့ခြင်း ဖြစ်ပြီး စခန်းမှမခွာဘဲနှင့်ပင် ရေငုပ် သင်္ဘောတွင် တပ်ဆင်ထားသည့်ဒုံးကျည် များကို ပစ်ခတ်မည်ဆိုပါက အမေရိကန် အထိ ရောက်ရှိနိုင်မည်ဖြစ်သည်ဟု သိရသည်။

Credit : pyimyanmarnews



Follow us on