1. Home
  2. International News

ထိုင်းနိုင်ငံ ဖူခက်မြို့ရှိ တည်းခိုးခန်းတစ်ခုရှေ့တွင် သေဆုံးနေသော မြန်မာအမျိုးသား အလောင်းတွေ့ရှိ

International News ม.ค. 24, 2560 view 1,646
ထိုင်းနိုင်ငံတောင်ပိုင်း ဖူခက်မြို့၊ တလတ်ယိုင်ရပ်ကွက်၊ တလန်လမ်းရှိ တည်းခိုခန်းတစ်ခု ရှေ့တွင် သေဆုံးနေသော မြန်မာအမျိုးသားတစ်ဦး၏အလောင်းကို ဇန်နဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
 
သေဆုံးသူမှာ အသက် ၃၀ နှစ်အရွယ် မြန်မာအမျိုးသား ရန်ဇင်မင်း ဆိုသူဖြစ်ပြီး အနက်ရောင်ရှပ်လက်ရှည်၊ အပွင့်ပါဘောင်းဘီတိုဝတ်ဆင်လျှက် ပက်လက်အနေအထားနဲ့ ဟိုတယ်ရှေ့မှာ လဲကျသေဆုံးနေတာကို တွေ့ခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူ၏ အနီးတွင် ဆေးထိုးအပ်တစ်ချောင်း တွေ့ရှိခဲ့ရပြီး အနီးနားရှိ အမှိုက်ခြင်းထဲတွင်လည်း အလားတူဆေးထိုးအပ် တစ်ချောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူ၏ အဝတ်အစားများ၏ အိပ်ကပ်များကို စစ်ဆေးရာ ထိုင်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရ ပန်းရောင်ကတ်ပြား၊ ပိုက်ဆံအနည်းငယ်နှင့်အတူ စက္ကူဖြင့်ထုတ်ထားသော အဖြူရောင်ဆေးမှုန့် အနည်းငယ်ကိုလည်း ရှာဖွေတွေ့ရရှိခဲ့သည်။
 
သေဆုံးသူ၏ ညာဘက်လက်ကောက်ဝတ်တွင် ဆေးထိုးအပ်ရာ သုံးခုနှင့် သွေးစအနည်းငယ်မှလွဲ၍ အခြားမည်သည့် ဒဏ်ရာမျှမတွေ့ရှိရကြောင်းသိရှိရသည်။ ဟိုတယ်မှဝန်ထမ်းများ၏ ထွက်ဆိုချက်အရ သေဆုံးသူသည် ဇန်နဝါရီ ၁၀ ရက်နေ့ကတည်းက လကုန်သည်အထိ ဟိုတယ်အခန်းကို ငှားယမ်းထားကြောင်း သိရှိရပြီး အလုပ်မရှိသေးသူဖြစ်ကာ နေ့စဉ်အလုပ်ထွက်ရှာလျှက်ရှိကြောင်း ပြောပြခဲ့ကြသည်။
 
မူးယစ်ဆေးဝါး သုံးစွဲမှုလွန်ကဲရာမှ ရုတ်တရက်သေဆုံးသွားသည်ဟု ယူဆရသော်လည်း သေဆုံးမှုနှင့်ပက်သက်ပြီး ဆက်လက်စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
 
source:DVB


Follow us on