1. Home
  2. International News

ပစိဖိတ်သမုဒ္ဒရာထဲတွင် ကမ္ဘာ့ပထမဆုံး ရေပေါ်မြို့တော် တည်ဆောက်ရန် စီစဉ်

International News ม.ค. 26, 2560 view 1,655

ကမ္ဘာ့ပထမဆုံး ရေပေါ်မြို့တော်ကို ပစိဖိတ်သမုဒ္ဒရာထဲရှိ တာဟီတီကျွန်းအ လွန်တွင် ဆောက်လုပ်သွားရန်လုပ် ဆောင်နေပြီဖြစ်သည်ဟု သိရသည်။ပြင် သစ်ပေါ်လီနေးရှားကျွန်းစုအစိုးရအဖွဲ့က နှစ်နှစ်အတွင်းဆောက်လုပ်ရေးလုပ်ငန်း များစတင်ရန် Seasteading Institute နှင့်လက်မှတ်ရေးထိုးခဲ့သည်။ ကယ်လီဖိုးနီးယားအခြေစိုက် Sea steading Institute နှင့် Paypal တည် ထောင်သူပီတာသီရယ်တို့က ပြီးခဲ့သည့် ငါးနှစ်အတွင်း အမြဲတည်တံ့နေမည့် ခေတ် မီရေပေါ် လူမှုအသိုင်းအဝိုင်းသစ်တစ် ခုကိုတည်ထောင်ရန် ဒီဇိုင်းရေးဆွဲထားခဲ့ ကြခြင်းဖြစ်သည်။ ပြင်သစ်ပေါ်လီနေးရှား ကျွန်းစုသည် တောင်ပစိဖိတ်တွင် ကျွန်း ပေါင်း ၁၁၈ ခုပေါင်းစပ်ပါဝင်ဖွဲ့စည်းထား ပြီး ကျွန်းစုများသည် ပင်လယ်ရေမြင့်တက် လာပါက အန္တရာယ်ရှိနိုင်သောကြောင့် ယင်းစီမံကိန်းကို စိတ်ဝင်စားနေခြင်းဖြစ် သည်။

ပရောဂျက်၏သဘောတူစာချုပ် ထဲတွင် ဒေသတွင်းစီးပွားရေးအတွက်အ ကျိုးဖြစ်ထွန်းပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိရမည်ဟုပါရှိပြီး ၎င်း အချက်နှစ်ချက်နှင့် ပြည့်စုံသည့်တိုင်အောင် ပြင်သစ်အစိုးရ၏ခွင့်ပြုချက် လိုအပ်ဦး မည်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်တွင် စတင်နိုင်လိမ့်မည်ဟု ခန့်မှန်းထားပြီး ရေပေါ်မြို့တွင် စိုက်ပျိုး မွေးမြူရေးခြံများ၊ကျန်းမာရေးစင်တာများ၊ ဆေးသုတေသနဌာနများနှင့် လျှပ်စစ် ဓာတ်အားပေးစက်ရုံငယ်လေးများကိုပါ ထားရှိသွားမည်ဖြစ်သည်။

ရေပေါ်မြို့ကို ထောင့်မှန်စတုဂံပုံနှင့်ပဉ္စဂံပုံ ကျွန်းတုများ အားချိတ်ဆက်တည်ဆောက်သွားမည် ဖြစ်ပြီး နေထိုင်သူများ၏လိုအပ်ချက်အ တိုင်း ကျွန်းတုများကို ပြန်လည်နေရာ ရွှေ့ပြောင်းနိုင်အောင် ဆောက်လုပ်ထား ခြင်းဖြစ်သည်။ လေးထောင့်နှင့်ပဉ္စဂံပုံကျွန်းတုများ သည် အလျား ၁၆၄ ပေရှိပြီး သုံးထပ်အ ဆောက်အအုံငယ်များအား နှစ်ပေါင်း ၁၀၀ ကျော်အထိ ကြံ့ကြံ့ခံနိုင်အောင် ဆောက်လုပ်သွားမည်ဖြစ်သည်။ ရေပေါ် မြို့တည်ဆောက်မှုသည် ဒေါ်လာ ၁၆၇ သန်းကုန်ကျမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

Credit : pyimyanmarnews



Follow us on