1. Home
  2. International News

တောင်တရုပ်ပင်လယ်ထဲမှာ တရုပ်က ကျွန်းအတုတွေနဲ့ နေရာယူနေတာကို ကာကွယ်မယ့် ဒေါ်နယ်ထရမ့်

International News ม.ค. 26, 2560 view 1,722
အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တစ်ခုဖြစ်တဲ့ တောင်တရုပ်ပင်လယ်ထဲက ကျွန်းတွေကို တရုပ်နိုင်ငံက သိမ်းပိုက်မှုတာတွေကို အမေရိကန်က ကာကွယ်သွားမယ်လို့ ထရမ့်အိမ်ဖြူတော်က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။ 
 
 
အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိဆာက ထရမ့်သမ္မတတာဝန်ယူပြီး သိပ်မကြာခင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “အမေရိကန်အနေနဲ့ ဒီကိစ္စအပေါ်မှာ အာရုံစူးစိုက်မှု ရှိနေတဲ့အတွက် သေချာပေါက် ကာကွယ်သွားမှာပါ” “မေးခွန်းတစ်ခုက ဒီကျွန်းတွေဟာ နိုင်ငံတစ်ကာရေပိုင်နက်ထဲက ကျွန်းတွေ ဖြစ်တဲ့အတွက် ဒါဟာတရုပ်ပိုင် မဟုတ်ပါဘူး၊ ဒါကြောင့် နိုင်ငံတစ်ကာရဲ့ ပိုင်နက်တစ်ခုကို နိုင်ငံတစ်ခုထဲက သိမ်းယူမယ့်အရေးကို ကာကွယ်ရမှာပဲ” ဟု ပြောဆိုခဲ့ပါတယ်။
 
 
တရုပ်တွေဟာ နိုင်ငံတစ်ကာရေပိုင်နက်ဖြစ်တဲ့ တောင်တရုပ်ပင်လယ်ထဲမှာ လူလုပ်ကျွန်းတွေတည်ဆောက်ခြင်း၊ ချဲ့ထွင်ခြင်းတွေကို လုပ်ဆောင်နေခဲ့တာ ကြာပြီဖြစ်ပါတယ်။ အိုဘားမား အစိုးရလက်ထပ်မှာ ကြွေးမြီကိစ္စနှင့် အခြားသံတမန်အရေးတွေကြောင့် တင်းတင်းကျပ်ကျပ် မကိုင်တွယ်နိုင်ခဲ့ပေမယ့် ထရမ့်အစိုးရလက်ထက်မှာ ဒါကိုတားဆီးကာကွယ်မှာဖြစ်ပါတယ်။
 


Follow us on