1. Home
  2. International News

မယားပါသား ကလေးနှစ်ဦးကို ဓါးဖြင့်ခုတ်သတ်သည့် ပထွေး

International News ก.พ. 02, 2560 view 1,436
ထိုင်းနိုင်ငံ နခေါ်စီထမရ ပြည်နယ်တွင် ဇန်နဝါရီ ၃၀ ရက်နေ့က မိန်းမဘက်မှ ပါလာသော သားသမီနှစ်ဦးကို ပထွေးဖြစ်သူက ရက်စက်စွာ ဓါးဖြင့်ခုတ်သတ်ပြီးနောက် ထွက်ပြေးရန်ကြိုးစားခဲ့ရာ အိမ်နီးနားပတ်ဝန်းကျင်မှ လူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ထိုင်နိုင်ငံသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
 
ဖြစ်စဉ်မှာ အသက်(၇ နှစ်)အရွယ် အကြီးဖြစ်သူ၏ ကျောင်းမုန့်ဖိုးများ စုထားသည့် စုဗူးကို ပထွေးဖြစ်သူမှ အရက်သောက်ရန် မကြာခဏဖောက်သဖြင့် သီးမခံနိုင်သည့် အဆုံးတွင် မိခင်ထံသို့ ဖုန်းဆက်တိုင်ကြားခဲ့သည်။ တိုင်ကြားမှုကို ပထွေးမှ သိသွားပြီး ဒေါသထွက်ကာ အသက် (၇ နှစ်) နှင့်(၄ နှစ်)အရွယ် မယားပါသား ကလေးနှစ်ဦးကို ဓါးဖြင့်ခုတ်သတ်ပြီးနောက် ဆိုင်ကယ်နှင့် ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
 
source:ကိုမောင်


Follow us on