1. Home
  2. International News

လစ်ဘာတီရုပ်ကို ထရမ့် ခေါင်းဖြတ်ထားတဲ့မျက်နှာဖုံး ကြောင့်ဝေဖန်မှုတွေဖြစ်

International News ก.พ. 07, 2560 view 1,525

ဂျာမနီက နာမည်ကြီး လူသိများတဲ့ အပတ်စU်ထုတ်မဂ္ဂဇင်း Der Spiegel ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လစ်ဘာတီရုပ်တုကို ခေါင်းဖြတ်ထားတဲ့ပုံ မျက်နှာဖုံးတင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျာမန်သတင်းစာတစ်ဆောင်က သည်ကာတွန်းပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ကြသလို ဥရောပပါလီမန်ရဲ့ ဒုဥက္ကဋ္ဌ ဂျာမန်သားက လည်း အဓိပာယ်မဲ့ လွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ သည်ပုံဟာ အမေရိကန်သမ္မတဒေါ် နယ်ထရမ့်က ဒီမိုကရေစီကို ခေါင်းဖြတ် လိုက်တယ်လို့ ဖော်ညွှန်းချင်တာပါလို့ သည် ကာတွန်းကို ရေးဆွဲသူ အီဒယ် ရိုဒရီဂွက်က ပြောကြားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်- ဂျာမန်ဆက်ဆံရေးဟာ တစ်စတစ်စနဲ့ ယိုယွင်းလာပါတယ်။ ထရမ့် ဟာ ဂျာမန်အဓိပတိ အန်ဂယ်လာမာကယ် ရဲ့ မူဝါဒတွေကို ဝေဖန်ခဲ့ပါတယ်။ သည်မျက်နှာဖုံးပုံဟာ ၂၀၁၅ ခုနှစ်၊ ဒီ ဇင်ဘာလ နယူးယောက်ဒေးလီးနယူးစ် မျက်နှာဖုံးမှာ  ဖော်ပြခဲ့တဲ့ပုံနဲ့ ဆင်တူနေပါတယ်။

၁၉၈၀ က ကျူးဘားကနေ နိုင်ငံရေးခို လှုံခွင့်တောင်းခံပြီး အမေရိကန်ကို ရောက် ရှိလာခဲ့တဲ့ မစ္စတာ ရိုဒရီဂွက်က ဒေါ်နယ်ထရမ့်နဲ့ အိုင်အက်စ်အဖွဲ့ကို သူနှိုင်းယှဉ်လိုပြီး နှစ်ဖက်စလုံးဟာ အစွန်းရောက်တွေပဲလို ဝါရှင်တန်ပို့စ်ကို ဖြေခဲ့ပါတယ်။ Der Spiegel မဂ္ဂဇင်းရဲ့ အယ်ဒီတာဘရင့်ဘူးမားက သူ့အယ်ဒီတာ့အာဘော် မှာ ထရမ့်ဟာ ထိပ်ပိုင်းအစိုးရအရာရှိတွေထံကနေ အာဏာသိမ်းယူဖို့ ကြိုးပမ်းနေပြီး လွတ်လပ်မှုမရှိတဲ့ ဒီမိုကရေစီစနစ်တစ်ရပ်ကို ထူထောင်လိုနေတယ်လို့ ရေးသားခဲ့ပါ တယ်။ အိမ်ဖြူတော်ကတော့ လစ်ဘရယ်မီဒီယာအုပ်စုတွေဟာ သမ္မတဒေါ်နယ်ထရမ့် နဲ့ အစိုးရအသစ်ကို နာမည်ဖျက်ဖို့ ရည် ရွယ်ထားတဲ့ မှားယွင်းပြီး တာဝန်မဲ့တဲ့ သတင်းတွေကို ရေးသားဖော်ပြနေကြတယ် လို့ စွပ်စွဲခဲ့ပါတယ်။

ဥရောပပါလီမန်ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ အလက်ဇန်းဒါးဂရက်ဖ်လမ်းစ်ဒေါ့ဖ်ကတော့ သည်မျက်နှာဖုံးဟာ ထရမ့်ရဲ့အကြောင်းထက် Der Spiegel ဂျာနယ်လစ်တွေ အကြောင်းကို ပိုမိုပေါ်လွင်နေတယ်လို့ ဆိုပါတယ်။ အခြားမဂ္ဂဇင်းတွေရဲ့ အသစ်ထွက်ရှိမယ့် စာစောင်မျက်နှာဖုံးတွေမှာလည်း အမေရိကန်သမ္မတနဲ့ သူ့ရဲ့ မူဝါဒတွေကို ဝေဖန် ထောက်ပြထားကြတယ်လို့ သိရပါ တယ်။ ဗြိတိန်ထုတ် The Economist မှာ တော့ ထရမ့်က ဓာတ်ဆီပုလင်းတစ်လုံး ပစ်နေတဲ့ပုံကို ဖော်ပြထားပါတယ်။ The New Yorker မဂ္ဂဇင်းကတော့ လစ်ဘာတီရုပ်တုမှာ မီးငြိမ်းသွားတဲ့ပုံကို ဖော်ပြထားပါတယ်။

Credit : kumudranews



Follow us on