1. Home
  2. International News

ကုန်သွယ်တာတွေ ရပ်လိုက်ရင် စစ်ပွဲတွေစလိမ့်မယ်ဟု ဂျက်မားက ထရန့်ကို သတိပေး

International News ก.พ. 07, 2560 view 1,515
ကုန်သွယ်မှုတွေ ရပ်ဆိုင်းလိုက်တာနဲ့ တစ်ပြိုင်နက် စစ်ပွဲတွေ စလိမ့်မယ်
တရုပ်နိုင်ငံရဲ့ အကြီးမားဆုံး အွန်လိုင်းဈေးဆိုင် အလီဘာဘာ ကုမ္ပဏီ၏ စီအီးအို ဂျက်မားက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဆီကို အလည်လာတုန်းအခိုက်မှာ အထက်ပါအတိုင်း သတိပေးပြောကြားလိုက်ခြင်းဖြစ်ပါတယ်။
 
အမေရိကန်နိုင်ငံမှာ အလုပ်အကိုင်နေရာပေါင်း တစ်သန်းလောက်ကို သူရဲ့ အလီဘာဘာ ကုမ္ပဏီက ကူညီဖန်တီးပေးပါမယ်လို့လည်း ကြေညာခဲ့ပါတယ်။ “လောကကြီးများ ကမ္ဘာလုံးဆိုင်ရာချိပ်ဆက်မှု လိုနေတယ်၊ ကုန်သွဘ်မှုတွေ လိုနေတယ်” ဟု လွန်ခဲ့သောလက အမေရိကန်ကို ရောက်စဉ် ပြောကြားခဲ့သည်။
နယူးဇီလန်နဲ့ သြစတြေးလျားနိုင်ငံ မဲလ်ဘုန်းမှာ အလီဘာဘာ ဖွင့်ပွဲလုပ်စဉ်ကလည်း “လူတိုင်းဟာ ကုန်သွယ်ရေး စစ်ပွဲနဲ့ သက်ဆိုင်ပါတယ်၊ အကယ်၍ ကုန်သွယ်မှုတွေ ရပ်ဆိုင်လိုက်ရင် စစ်ပွဲတွေ စတင်ပါလိမ့်မယ်” ဟု ပြောကြားခဲ့ပါသေးတယ်။
 
ဒါပေမယ့် စိတ်မပူပါနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်” လို့ သြစတြေးလျား သတင်းဌါနနဲ့ မေးမြန်ခန်းမှာ ဖြည့်စွက်ပြီးပြောကြားခဲ့ပါတယ်။ “လုပ်နိုင်တာက တစ်ခုပဲ ရှိပါတယ်၊ လူတွေအချင်းချင်း ဆက်ဆံရေးကောင်းမွန်အောင် ကုန်သွယ်ဖလှယ်ခြင်းနဲ့ ကူညီနိုင်တယ် ဆိုတာ သက်သေပြကြဖို့ပါပဲ
ကုန်သွယ်ခြင်းမှာ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု ရှိသင့်ပါတယ်” 
 
ဂျက်မားက ကမ္ဘာလုံးဆိုင်ရာချိပ်ဆက်ခြင်းက အနာဂါတ်အတွက် အရေးပါတယ်လို့ ယူဆထားပြီး ကုန်သွယ်ခြင်းဖြင့် ယုံကြည်မှုတွေ၊ ဓလေ့စရိုက်တွေ ဖလှယ်နိုင်တယ်လို့ ဆိုပါတယ်။
 


Follow us on