1. Home
  2. International News

ဟောင်ကောင်မြေအောက်ရထား မီးလောင်မှုကြောင့် လူ ၁၈ ဦးထက်မနည်း ဒဏ်ရာရ

International News ก.พ. 13, 2560 view 1,560
ဖေဖော်ဝါရီလ ၁၀ ရက်(သောကြာ)နေ့က ဟောင်ကောင်ရှိ မြေအောက်ရထားအတွင်း မီးလောင်ကျွမ်းခဲ့မှုကြောင့် လူ ၁၈ ဦးထက်မနည်း မီးလောင်ကျွမ်းဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတစ်ကာသတင်းများအရ သိရှိရသည်။
 
 
အဆိုပါမီးလောင်ကျွမ်းမှုဟာ မတော်တဆမှုမဟုတ်ပဲ လူရှို့ခဲ့သည့်မီးဖြစ်ကြောင်း ဟောင်ကောင်ရဲများက သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ခဲ့ပြီး မီးရှို့ခဲ့သူဟု သံသယရှိသူ အသက် (၆၀ နှစ်)အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
 
မီးလောင်ခံရသူများကို နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး အခြေနေကိုမှု မသိရှိရသေးပေ။ မစ္စတာချွမ်း ဆိုသူပမျိုးသားမှာ မီးလောင်ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး မီးရှို့ခဲ့သူမှာ သူဖြစ်ကြောင်း ရဲအဖွဲ့ထံဝန်ခံခဲ့ပါတယ်။ ရဲအဖွဲ့က အဆိုပါ မီးလောင်မှုဟာ မီးရှို့သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုခုနှင့်သာ သက်ဆိုင်မည်ဖြစ်ပြီး အဖျက်သမားလုပ်ရပ် မဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။
 
 
ဟောင်ကောင်၏ လူအစည်ကားဆုံး မြေအောက်ရထားလိုင်းတွင် ဖြစ်ပွားခဲ့ပြီး သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ လူတစ်ယောက်က မီးလောင်နိုင်တဲ့ အရည်တွေကို လူအုပ်ထဲ ပက်ဖျန်းခဲ့ပြီး မီးရှို့ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဘာကြောင့် ဒီလိုလုပ်ခဲ့ရလဲဆိုတာကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။
 


Follow us on