1. Home
  2. International News

ရုက္ခဗေဒဥယျာဉ်တွင် သစ်ပင်လဲကျမှုကြောင့် တစ်ဦးသေ၊ လေးဦးဒဏ်ရာရ

International News ก.พ. 15, 2560 view 1,504
စင်ကာပူနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်ရာ အထင်ကရနေရာတစ်ခုဖြစ်သည့် ရုက္ခဗေဒဥယျာဉ်တွင် နှစ်ရှည်အပင်ကြီးမျိုး(Tembusu) သစ်ပင်တစ်ပင် ပြိုလဲကျမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လူလေးဦး ဒဏ်ရာရှိခဲ့သည်။
 
သေဆုံးခဲ့သူ အမျိုးသမီးမှာ အသက် (၃၈ နှစ်)အရွယ် Ms Radhika Angara ဆိုသူဖြစ်ပြီး သူမ၏ မိသားစုနှင့်အတူ ရှိနေစဉ် အမြင့်မီတာ ၄၀ ခန့်ရှိသော သစ်ပင်မှာ အမြစ်မှကျွတ်ထွက်ကာ သူမအပေါ်  ပိကျခဲ့ကာ သေဆုံးခဲ့ရသည်။ သူမ၏ ခင်ပွန်းနှင့် တစ်နှစ်သားအရွယ် အမွှာကလေးနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြသည့်အပြင် ၂၆ နှစ်အရွယ် အခြားအမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြကာ အသီးသီးကို ဆေးရုံတင် ကုသခဲ့ကြရသည်။
 
သေဆုံးသူ Ms Radhika Angara သည် အိန္ဒိယနွယ်ဖွားဖြစ်ပြီး အမေရိကရှိ တက္ကသိုလ်မှ ဘွဲ့ရရှိထားသူဖြစ်ကာ လက်ရှိတွင် မာစတာကာဒ်(အကြွေးဝယ်ကာဒ်) ကုမ္ပဏီမှ ဈေးကွက်ရှာဖွေရေး ထိပ်တန်းအရာအရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ကြောင်းသိရှိရသည်။
 
Ref:StraitsTimes
 


Follow us on