1. Home
  2. International News

အန္တရာယ်ရှိတဲ့ ကေလာအရုပ်တွေကို ဖျက်ဆီးပစ်ဖို့ မိဘများအား သတိပေး

International News ก.พ. 20, 2560 view 1,650
ဂျာမနီနိုင်ငံ တရားဝင်စောင့်ကြည့်လေလာရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗဟိုဆက်သွယ်ရေးကွန်ယက် အေဂျင်စီက နည်းပညာမြင့် ကလေးကစားစရာ အရုပ်ဖြစ်တဲ့ Cayla အရုပ်တွေကနေတစ်ဆင့် ကိုယ်ရေးကိုယ်တာ အချက်လက်တွေကို ခိုးယူနိုင်တဲ့အတွက် ဖျက်ဆီးပစ်ကြဖို့ အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
 
 
သုတေသနပြုသူများရဲ့ လေ့လာဆန်းစစ်မှုများအရ အရုပ်အတွင်းမှာ ထည့်သွင်းတည်ဆောက်ထားသော ကြိုးမဲ့ဘလူးတုသ် စနစ်ရဲ့ လုံခြုံရေး အားနည်းချက်ကို အသုံးပြပြီး ဟက်ကာတွေက ကလေးနဲ့ စကားပြောနေတဲ့အချိန်မှာ သူတို့လိုချင်တဲ့ အချက်အလက်တွေကို မေးမြန်းရယူသွားနိုင်တာကို တွေ့ခဲ့ရပါတယ်။ သို့သော် ဗြိတိန်အရုပ်လက်လီဖြန့်ဖြူးသူများအဖွဲ့ကြီးကတော့ ကေလာအရုပ်ဟာ အထူးအန္တရာယ်မဖြစ်စေဘူးလို့ ငြင်းပယ်ခဲ့ကြပါတယ်။
 
 
ကေလာအရုပ် ထုတ်လုပ်တဲ့ ဗီဗစ်အရုပ်အဖွဲ့က ဥပမာအနေနဲ့ ဟက်လုပ်ထားတဲ့ ကိစ္စတွေအားလုံးကို ပညာရှင်တွေ ရှင်းထုတ်ပြီးပြီဖြစ်ကြောင်းနဲ့ အရုပ်အတွက် အသုံးပြုတဲ့ အပလီကေးရှင်းကိုလည်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
သို့သော် ကျွမ်းကျင်သူများကတော့ ဒီပြဿနာဟာ မဖြေရှင်းရသေးဘူးလို့ သတိပေးထားပါတယ်။ ကေလာအရုပ်တွေဟာ အင်တာနက်ကိုအခြေခံပြီး အပြန်အလှန် စကားပြောနိုင်တဲ့ အဆင့်မြင့် အရုပ်အမျိုးအစား ဖြစ်ပါတယ်။
 
Ref:BBC
 


Follow us on