1. Home
  2. International News

BREAKING NEWS ! လေယာဉ်ငယ်တစ်စင်း ဈေးဝယ်စင်တာ ခေါင်မိုးပေါ်သို့ ပျက်ကျပြီး လူအချို့သေဆုံး

International News ก.พ. 21, 2560 view 1,520
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့အနီးရှိ ဈေးဝယ်စင်တာ ခေါက်မိုးပေါ်သို့ အပျော်စီးအပေါ့စား လေယာဉ်ပျံတစ်စင်း ဖေဖော်ဝါရီလ ၂၁ (ယနေ့) နံနက်ပိုင်းက ပျက်ကျခဲ့ရာ သေဆုံးသူအချို့ရှိခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
 
 
“နှစ်ပေါင်း ၃၀ အတွင်း ဒီပြည်နယ်တစ်ဝိုက်မှာ ဖြစ်ပျက်ခဲ့တဲ့ လေယာဉ်မတော်တဆမှုတွေထဲမှာ ဒီဟာက အဆိုးရှားဆုံးဖြစ်ပြီး လူသေဆုံးတာတွေရှိတယ်” ဟု ဗစ်တိုးရီးယား ဝန်ကြီးချုပ် ဒန်နီရယ် အန်ဒရူးက ပြောဆိုခဲ့ပါတယ်။
 
အဆိုပါ အပျော်စီးလေယာဉ်ငယ်တွင် လူ ၅ ဦးလိုက်ပါလာပြီး နံနက် ၉ နာရီ အချိန်ခန့် အဆန်ဒန်လေဆိပ်ကနေ ပျံတက်ရုံရှိသေးချိန်မှာ လေဆိပ်အနီးမှာရှိတဲ့ ဈေးဝယ်စင်တာထဲကို ထိုးဆိုက်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှုတွင် လူတစ်ဦး အသက်ရှင်နိုင်ခဲ့ကြောင်း ဒေသခံရဲအဖွဲ့က ထပ်မံသတင်းထုတ်ပြန်ခဲ့သည်။
 
လေယာဉ်ပျက်ကျခါနီးတွင် လေယာဉ်ပေါ်မှ အရေးပေါ်အကူအညီ တောင်းခဲ့ကြောင်း လေကြောင်းထိန်းချုပ်ရေး တာဝါမှ ပြောကြားခဲ့သည်။  မဲလ်ဘုန်းမြို့ မြောက်ပိုင်းတွင် ရှိသော အဆန်ဒန်လေဆိပ်မှာ လေယာဉ်ကွင်းသေးစားလေးဖြစ်ပြီး လေယာဉ်ငယ်များအတွက်သာ ရည်ရွယ်ထားကြောင်း ကနဦးသတင်းရရှိသည်။
 
Ref:CNA
 


Follow us on