1. Home
  2. International News

တရုပ်ပြည် ရထားဘူတာရုံတွင် စက်ရုပ်ရဲများ စတင်အသုံးပြု

International News ก.พ. 22, 2560 view 1,680
ကမ္ဘာကျော်ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကား “RoboCop” ထဲကလို စက်ရုပ်ရဲတွေ အပြင်ကမ္ဘာမှာ စတင်အလုပ်လုပ်ဆောင်နေပါပြီ၊ ရုပ်ရှင်ဇာတ်ကားထဲကလို လူသားအသွင်ပြင်မျိုးထိ အဆင့်မမြင့်သေးသော်လည်း ရာဇဝတ်မှုတွေလျှော့ကျအောင် တားဆီးပေး လုပ်ဆောင်ပေးနိုင်ပါတယ်။
 
 
တရုပ်နိုင်ငံ ဇန်ဇူးရထားဘူတာရုံမှာ စက်ရုပ်ရဲတွေကို ကင်းလှည့်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အဆိုပါစက်ရုပ်တွေဟာ ရဲလုပ်ငန်းတွေအပြင် ပတ်ဝန်းကျင်ရဲ့ အပူချိန်ကိုလည်း စမ်းစစ်နိုင်သလို ပြည်သူတွေကို မီးလောင်မှုအန္တရာယ်ကနေ ကာကွယ်ပေးဖို့တွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။
 
 
 
“E-Patrol Robot Sheriff” လို့ အမည်ပေးထားပါတယ်၊ အလားတူ စက်ရုပ်ရဲ “AnBot” တွေကိုတော့ ရှန်ဇန်လေဆိပ်မှာ ပြီးခဲ့တဲ့ နှစ်ကတည်းက စတင်အလုပ်လုပ်နေပြီဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ စက်ရုပ်ရဲတွေမှာ လက်နက် တပ်ဆင်ထားခြင်း ရှိ၊ မရှိဆိုတာကိုတော့ ကြောညာထားခြင်းမရှိသေးပါဘူး။ 
 


Follow us on