1. Home
  2. International News

တရုပ်ပြည်တွင် စက်ရုပ်ယာဉ်ထိန်းရဲများ စတင်အသုံးပြု ရုပ်သံ

International News ก.พ. 27, 2560 view 1,550
လမ်းအသုံးပြုသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် စောင့်ကြည့်ကြပ်မတ်နိုင်မည့် စက်ရုပ်ယာဉ်ထိန်းများ မီးပွိုင့်လမ်းဆုံနေရာများတွင် စတင်စမ်းသပ်တပ်ဆင် အသုံးပြုလျှက်ရှိသည်။
 
တရုပ်နိုင်ငံ ဟွေဘီဒေသရှိ ရှန်ယန်းမြို့ လမ်းဆုံတွင် တပ်ဆင်ကာ နမော်နမဲ့လမ်းဖြတ်ကူးသူများအား မှတ်တမ်းတင်လျှက်ရှိသည်။ တစ်နေရာထဲတွင် အသေတပ်ဆင်ထားသော စက်ရုပ်မှာ စကားသံဖြင့်တုံ့ပြန်ပြောကားနိုင်သကဲ့သို့ သူ၏ လက်မောင်းတံဖြင့်လည်း အချက်ပြပေးနိုင်သည်။ နည်းပညာအသစ်ကိုအသုံးပြုထားသော အဆိုပါစက်ရုပ်ကို လမ်းဖြတ်ကူးသူများ မလိုလားအပ်သည့် ဘေးအန္တရာယ် မဖြစ်စေပဲ စည်းကမ်းလိုက်နာမှု ရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
 
ချစ်စရာကောင်းသော ပုံသဏ္ဍန်ရှိသည့် အဆိုပါစက်ရုပ်မှာ ခေါင်းမာမာနှင့် လမ်းစည်းကမ်းကို မလိုက်နာပဲ လမ်းဖြတ်ကူးသူများကို မှတ်တမ်းတင်ထားပြီး အမြင်မှန်ရအောင် အရေးယူဆောင်ရွက်ရာတွင် အထောက်အကူပြုစေမည်ဖြစ်သည်။


Follow us on