1. Home
  2. International News

သီရိလင်္ကာ၌ ထောင်ကားထဲ ပစ်ခတ်မှုဖြစ်ပွားသဖြင့် လူခုနှစ်ဦးသေဆုံး

International News มี.ค. 01, 2560 view 1,656

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ပြင်၌ ထောင်ကားတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူခုနှစ်ဦးသေဆုံး သွားခဲ့ကြောင်း သတင်းရရှိသည်။ ကာလူတာရာမြို့အနီး မောင်းနှင်လာသည့် အကျဉ်းထောင်ကားပေါ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထောင်ကားတွင်လိုက်ပါလာခဲ့သည့် အကျဉ်းသား ငါးဦးနှင့် အကျဉ်း ထောင်အစောင့်ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ကိုးဦးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရ ကြောင်း ဖေဖော်ဝါရီလ၁၇ရက်သတင်းများအရ သိရသည်။

အဆိုပါ အကျဉ်းထောင်ဘတ်စကားဖြင့် နာမည်ကြီး ဒုစရိုက်ခေါင်းဆောင်တစ်ဦးနှင့် အခြားအကျဉ်း သားများကို တရားခွင်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ဂိုဏ်း အုပ်စုနှစ်စုအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေနတ်သမားများမှာမူ ဘတ်စကားကို သေနတ်ဖြင့်ပစ်ခတ် ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ကားတွင်လိုက်ပါလာသည့် နာမည်ကြီးဒုစရိုက်ခေါင်း ဆောင်ဖြစ်သည့် အရူနာအူဒယာရှန်သာမှာ ယင်းပစ်ခတ်မှုတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ သီရိလင်္ကာ နိုင်ငံတွင် ယခုကဲ့သို့ လူအသေအပျောက် များပြားလှသည့် ပစ်ခတ်မှုများ မဖြစ်ပွားခဲ့သည်မှာ နှစ်အနည်း ငယ်ကြာခဲ့ပြီဖြစ်သော်လည်း အကျဉ်းထောင် ကားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားနေခဲ့သည်။ ပြီးခဲ့သည့်နှစ် မတ်လ အတွင်း ယခုကဲ့သို့ အလားတူ အကျဉ်းထောင်ကားတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ဖူးပြီး ဒုစရိုက်ဂိုဏ်းခေါင်းဆောင် တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Credit : pyimyanmarnews



Follow us on