1. Home
  2. International News

ISIS ရဲ့ အဖျက်ဒရုန်းရန် ကာကွယ်ဖို့ အမေရိကန်က ဒေါ်လာ ၁၅.၆ မီလီယံ သုံးမည်

International News มี.ค. 01, 2560 view 1,691
အမေရိကန် လေတပ်အနေနဲ့ ISIS ရဲ့ အဖျက်အမှောက် တိုက်ခိုက်ရေးအတွက် အသုံးချနေတဲ့ မောင်းသူမဲ့လေယာဉ်(ဒရုန်း) ရန်မှကာကွယ်ရန် အစ္စရေးကပြုလုပ်ရောင်းချသည့် ဒရုန်းဖျက် ရေဒါစနစ်အတွက် ဒေါ်လာ ၁၅ မီလီယံ သုံးမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။
 
ဖေဖော်ဝါရီ ၂၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အလိုလျှောက်ထိန်းချုပ်ကာ ဒရုန်းဖျက်ချသည့် စနစ်ကိုအသုံးပြုရန် အစ္စရေးလက်အောက်ခံ ယူအက်စ် အိုင်အန်စီဖြစ်သည့် ELTA North America Inc နှင့် ဒေါ်လာ ၁၅.၆ မီလီယံ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
 
စာချုပ်အရ ဒရုန်းဖျက်စနစ် “21 Man Portable Aerial Defense System kits” ကို ဂျူလိုင်လ ၂၈ တွင်ပေးပို့မှာဖြစ်ပါတယ်။ အဆိုပါ ဒရုန်းဖျက်စနစ်မှာ သရီးဒီရေဒါကဲ့သို့ ကီလိုမီတာ ၁၀ ကနေ ၂၀ အတွင်းရောက်ရှိလာသော ဒရုန်းများကို ထောက်လှမ်းနိုင်ပြီး ထောက်လှမ်းသိရှိမိပါက ရေဒါကနေ ဒရုန်းဆီသို့ လှိုင်းတစ်ခု အလိုလျှောက်ပေးပို့မှာ ဖြစ်ပါတယ်။ လှိုင်းမိသွားတဲ့ ဒရုန်းဟာ သူလာရာလမ်းကို နောက်ပြန်လှည့်သွားခြင်း ဒါမှမဟုတ် ပျက်ကျသွားမယ်လို့ သိရှိရပြီး အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါ။
 
ISIS အဖွဲ့ဟာ ဒရုန်းအသုံးပြုပြီး ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့မှာ စောင့်ကြည့်ခြင်း တိုက်လိုက်ခြင်းတို့ ပြုလုပ်နေကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒရုန်းနဲ့ အီရတ်စစ်ယာဉ်တန်းပေါ်ကို ဗုံးချတိုက်ခိုက်ခဲ့တဲ့ ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ရပါသေးသည်။
 
 


Follow us on