1. Home
  2. International News

iPhone, Android နှင့် smart TVs များတွင် ထောက်လှမ်းရေးစနစ်တစ်ခု ထည့်သွင်းမည့် CIA ရဲ့လုပ်ရပ်ကို ဝီကီလီဖွင့်ချ

International News มี.ค. 08, 2560 view 1,463
စမတ်ဖုန်းများ စမတ်တီဗီများတွင် သုံးစွဲသူ၏ မှတ်တမ်းအချက်အလက်များကို နောက်ကွယ်မှ ရရယူနိုင်မည့်စနစ် maleware တစ်ခုကို အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA မှ တည်ဆောက်ထားပြီးဖြစ်ကြောင်း နိုင်ငံတစ်ကာထိပ်တန်းသတင်းများကို ဖွင့်ဖောက်ချလေ့ရှိသည့် ဝီကီလိခ်က မတ်လ ၇ ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။
 
အဆိုပါဖောက်ထွင်း ဝင်ရောက်နိုင်မည့်စနစ်ကို EDG(Engineering Development Group) မှ ရေးသားပေးခဲ့ပြီး CIA ၏ ပင်မချုပ်ကိုင်မှုဌါန ၅ ခုထဲမှ တစ်ခုဖြစ်သည့် DDI(Directorate for Digital Innovation) မှပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ထိုစနစ်သည် Windows ၊ Android ၊ iOS ၊ OSX နှင့် Linux ကွန်ပြူတာတွေအပြင်၊ အင်တာနက်နဲ့ သက်ဆိုင်တဲ့ hardware ကိရိယာတွေကိုပါပစ်မှတ်ထားတဲ့ ဆိုက်ဘာဖောက်ထွင်းတဲ့ ဆော့ဖ်ဝဲအမျိုးအစားဖြစ်ပြီး အချို့ဆော့ဖ်ဝဲများကို အခြေခံအိမ်သုံးပစ္စည်းဖြစ်တဲ့ ဆမ်ဆောင်း  စမတ်တီဗီတွေထဲမှာ ထည့်သွင်းပြီး အသုံးပြုသူရဲ့ အချက်အလက်တွေကို လျှို့ဝှက်စွာရယူရန် တပ်ဆင်မှုကို ဗြိတိန် MI5/BTSS အဖွဲ့က အကူအညီပေးခဲ့ကြောင်း ဖော်ပြရေးသားထားခဲ့ပါတယ်။  
 
အထက်ပါအတိုင်း စွပ်စွဲပြောဆိုချက်များနှင့် ပက်သက်ပြီး CIA နှင့် ဗြိတိန်အဖွဲ့တို့မှ တစ်စုံတစ်ရာ အတည်ပြုပြောကြားသေးခြင်း မရှိကြောင်း သိရှိရသည်။
 


Follow us on