1. Home
  2. International News

ကမ္ဘာစီးပွားရေး တရုတ်ဦးဆောင်မှုအောက်သို့ မကြာမီရောက်လိမ့်မည်ဟု PwC စီးပွားရေးအဖွဲ့ဟောကိန်းထုတ်

International News มี.ค. 08, 2560 view 1,464
၂၀၁၇ ခုနှစ် ထုတ်ပြန်သော PricewaterhouseCoopers ရဲ့ အစီရင်ခံစာတွင် တရုတ်နိုင်ငံဟာ လာမယ့် မျိုးဆက်သစ်တွေ လက်ထက်မှာ ကမ္ဘာ့ စီးပွားရေး ဦးဆောင်ကဏ္ဍကို ရရှိသွားမယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အဆိုပါ အစီရင်ခံစာအရ ၂၀၅၀ ပြည့် နှစ်မှာ ကမ္ဘာ့စီးပွားရေး ကို နိုင်ငံခုနှစ်ခုက လွှမ်းမိုးထားမည်ဖြစ်ပြီး တရုတ်နိုင်ငံဟာ ဦးဆောင်သူ ဖြစ် လိမ့်မယ်လို့ တွက်ချက်ဖော်ပြထားပါတယ်။
 
 
PwC စီးပွားရေးအဖွဲ့အကြီးအကဲ John Hawkesowrth က သူ့အနေဖြင့် တရုတ်ရဲ့ အနာဂတ် ငွေရေး ကြေးရေးအလာအလာ၊ စီးပွားရေးအလာအလာကောင်းများကို တွေ့မြင်ရလျှက်ရှိပြီး ရေရှည်မှာ ကမ္ဘာ့စီးပွားရေးကို ဦးဆောင်လိမ့်မည်လို့ယုံကြည်ကြောင်းဆိုပါတယ်။ 
 
တရုတ်ရဲ့လက်ရှိ ဂျီဒီပီတိုးတက်မှု ၆.၇ % ဟာ ကျိုးကြောင်းဆီလျှော်ပြီး ကောင်းမွန်တဲ့အနေ အထားမှာရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပညာရေး၊ အခြေခံအဆောက်အဦဆောက်လုပ်ရေး၊ သိပ္ပံနှင့်နည်းပညာ စတဲ့နယ်ပယ်တွေမှာ အရှိန်အဟုန်နဲ့ တိုးတက်လာနေခြင်းကလည်း တရုတ်ကို ကမ္ဘာ့ဦးဆောင်သူဖြစ်လာစေမယ့် အကြောင်းအရင်းတွေဖြစ်တယ်လို့ဆိုပါတယ်။
တရုတ်ဟာလက်ရှိမှာ အာကာသနည်းပညာ ၊ စစ်လက်နက်နည်းပညာ အပါအဝင် အခြားအဆင့်မြင့် သိပ္ပံပညာရပ်များမှာ သိသိသာသာတိုးတက်လာပြီး တရုတ်တွင်အခြေချနေထိုင်သူ အနုပညာ၊ အားကစားအပါအဝင် နိုင်ငံခြားသားအရေအတွက်ဟာလည်း မြင့်တက်လာပြီး အမြဲတမ်းနေ ထိုင်ခွင့်ကဒ်ထုတ် ပေးသည့်ဖြစ်စဉ်မှာလည်း ပိုမိုရှင်းလင်းလွယ်ကူလာပြီဖြစ်ပါတယ်။
 
 
Hawkesworth ကသူ့အနေနဲ့ အခြေခံအဆောက်အဦးများနဲ့ပညာရေးဟာ တရုတ်နိုင်ငံမှာ မြင့်မားစွာတန်ဖိုးထားခြင်းခံရတဲ့အရာများအဖြစ် တွေ့ရှိရကြောင်း ဆိုပါတယ်။ အစီရင်ခံစာကို ၂၀၃၀ နှင့် ၂၀၅၀ အထိ ဝယ်ယူနိုင်စွမ်းငွေကြေးတန်ဖိုးများအရ စီမံကိန်းချထားသော ဂျီဒီပီအသီးသီး ကိုအခြေခံ၍ နိုင်ငံ ၃၂ နိုင်ငံကိုအဆင့်ခွဲခြားသတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။
 
တရုတ်နိုင်ငံအပြင် အခြားတိုးတက်လာသော စီးပွားရေးနိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊အိန္ဒိယ ၊မက္ကဆီကို နှင့် တူရကီ တို့ဟာ ၃.၅ % ခန့်နှစ်စဉ် တိုးတက်လာပြီး တဖြည်းဖြည်းနဲ့ လက်ရှိစီးပွားရေး အင်အားကြီးတွေဖြစ်တဲ့ ဥရောပ ၊အမေရိကန် နဲ့ ဂျပန်တို့ကို ဖြတ်ကျော်သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
 
 
 
credit:china.commyanmar


Follow us on