အသက် 26 နှစ်အရွယ် Katie Brannen အမည်ရတဲ့ အမျိုးသမီးကို အမျိုးသားတစ်ဦးအား နှစ်ကြိမ်တိုင်တိုင် အဓမ္မပြု ကျင့်ခဲ့မှုဆိုတဲ့ စွတ်စွဲချက်နဲ့ ရုံးတင်စစ်ဆေးနေပါတယ်။ ကာယကံရှင် အမျိုးသားရဲ့ အမည်ကိုတော့ တရားရုံးက ဖော်ပြခွင့် မပြုထားပါဘူး။ Katie ဟာ ယခုနှစ် ဇန်န၀ါရီလထဲမှာ အဆိုပါ အမျိုးသားကို နှစ်ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း စွပ်စွဲခံထားရပါတယ်။ လောလောဆယ် Katie ကို Newcastle Crown Court တရားရုံးမှာ အဓမ္မမှုနှစ်ခုနဲ့ စွဲချက်တင် စစ်ဆေးနေပြီး၊ ဒီအမှုမှာ ပူပေါင်းပါဝင်သူ အမျိုးသားတစ်ယောက်ကိုလည်း ကြံရာပါအဖြစ် စွဲချက်တင် စစ်ဆေးနေကြောင်း သိရပါတယ်။ ဒီစွတ်စွဲချက်တွေမှာ သူမဟာ အယူခံဝင်နိုင်ပါလျှက်နဲ့ အယူခံမ၀င်ပဲ စစ်ဆေးခံခဲ့ပါတယ်။
ဒါပေမယ့် တရားရုံးမှာတော့ ကြားနာချိန်ကလွဲပြီး သူမရဲ့ အမည်ကို အခြားနေရာတွေမှာ ဖော်ပြခြင်းမပြုဖို့၊ ဥပဒေအရ အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် သူမကျူးလွန်ခဲ့တဲ့ ပြစ်မှုဟာ ရာဇ၀တ်မှုကြီးဖြစ်တဲ့အတွက် ဒီတောင်းဆိုမှုကို တရားသူကြီးက ပယ်ချခဲ့ပါတယ်။ လောလောဆယ်တော့ Katie ဟာ နေအိမ်မှာပဲ အာမခံနဲ့ (ဒဏ်ငွေဆောင်ကာ) နေထိုင်နေရပြီး၊ ကြားနာစစ်ဆေး မှု ပြုလုပ်နေတဲ့ ကြားကာလမှာ ကျူးလွန်ခံရတဲ့ အမျိုးသားနဲ့ ဆက်သွယ်ခြင်း မပြုဖို့ ခံဝန်ရေးထိုးထားရပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်မှာ မမှန်မကန်သတင်းဖြန့်ခြင်းမှ ကင်းဝေးစေဖို့ သူမကို အင်တာနက် အသုံးပြုခွင့်ကိုလည်း ကန့်သတ်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
Credit : shwemom