1. Home
  2. International News

အလုပ်မတက်ချင်လို့ ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးသူ အဖမ်းခံရ

International News มี.ค. 13, 2560 view 1,434

ဂျပန်နိုင်ငံ အိုင်ခီစီရင်စု ကာဆူဂါအီမြို့က အသက် ၅၄ နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာ အလုပ်ပြေးချင်လို့ အကြောင်းပြချက်ပေးတဲ့အနေနဲ့ သူ့ခါးတ၀ိုက်ကို သူ့ကိုယ်သူ ဓားနဲ့ထိုးကြောင်း ၀န်ခံပြီးနောက် အဖမ်းခံခဲ့ရပါတယ်။ သူက လူစိမ်းတစ်ယောက်က သူ့ကို ဓားနဲ့တိုက်ခိုက်ခဲ့တယ်လို့ အစောပိုင်းက ရဲကို ပြောခဲ့တာပါ။ မနက်ဆိုရင် အလုပ်သွားရမယ့်လူတွေက နေမကောင်းလို့ အလုပ်မလာနိုင်ဘူးလို့ သူဌေးကို ခွင့်တိုင်ပြီး တစ်နေ့လုံး တီဗီကြည့်ချင်တဲ့စိတ်ကူး ရှိတတ်ကြပါတယ်။ ဒါပေမယ့် တချို့က ဒီစိတ်ကူးကို လက်တွေ့အကောင်အထည်ဖော် ကြတာပါ။

ဒီနေရာမှာ ဖေဖော်ဝါရီ ၂၂ ရက်မှာ အသက် ၅၄ နှစ်အရွယ် မာဆူရူမီ မီအူရာဟာ အလုပ်တက်ရမှာ သိပ်ပျင်းတဲ့အတွက် သူ့အိမ် ရေချိုးခန်းထဲမှာ မီးဖိုချောင်သုံးဓားနဲ့ ကိုယ့်ကိုယ်ကိုယ်ထိုးခဲ့ပါတယ်။ အဲဒီနောက် ရဲကိုခေါ်ပြီး သူ့ကို လူစိမ်းတစ်ယောက်က ဓားနဲ့တိုက်ခိုက်ခဲ့ကြောင်း တိုင်တန်းခဲ့ပါတယ်။ ရဲက အခင်းဖြစ်ရာကို ရောက်လာချိန်မှာ မာဆာရူဟာ သူ့ဘက်ဘက်ခါးက ဓားဒဏ်ရာက ထွက်တဲ့သွေးတွေကို တိတ်အောင် ကြိုးစားနေတာ တွေ့ရပါတယ်။ သူတို့က အခင်းဖြစ်ပွားရာကို ကာရံပြီး သူ့ကိုတိုက်ခိုက်ခဲ့တဲ့ သူအကြောင်း မေးခွန်းထုတ်ကြပါတယ်။

သူ့ဇာတ်လမ်းကို ကွန်ပျူတာနဲ့ ပုံဖော်ရင်း ရဲတွေက မေးခွန်းတွေ မေးကြတဲ့အခါ မာဆာရူရဲ့ အခင်းဖြစ်ပွားပုံကို ပြောပြချက်မှာ ဟာကွက်တွေကို တွေ့ခဲ့ပါတယ်။ မကြာခင် အသက် ၅၄ နှစ်အရွယ် အမျိုးသားဟာ ဒီဖြစ်ရပ်ကို လိမ်လည်နေကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး သူကလည်း ၀န်ခံခဲ့ရပါတယ်။ သူက အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့် စိတ်ဓာတ်ကျနေတဲ့အတွက် အနည်းဆုံး အလုပ်ကနေ ခွင့် ၁ ရက်ယူလို့ရအောင် သူ့ကိုယ်သူ ဓားနဲ့ထိုးခဲ့တာလို့ ဖြောင့်ချက်ပေးခဲ့ပါတယ်။ မာဆာရူဟာ အဲဒီနေ့အတွက် အလုပ်ပျက်ခွင့်ရပေမယ့် ရဲတွေက ၀တ္တရားနှောင့်ယှက်မှုနဲ့ သူ့ကို ဖမ်းချုပ် ခဲ့ကြပါတယ်။

Credit ; kumudranews



Follow us on