1. Home
  2. International News

သမီးလေးနှစ်ယောက် စားနေတာကို အဓိပ္ပါယ်အပြည့်နဲ့ ကြည့်နေတဲ့ သနားစဖွယ်ဖခင်

International News มี.ค. 14, 2560 view 1,468

ဒီဓာတ်ပုံလေးတွေဟာ ဘာမှ မထူးခြားဖူးလို့ သာမန်အားဖြင့် တွေးမိကြပါလိမ့်မယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်သားသမီးနဲ့ စားသောက်ဆိုင်တွေ ဘာတွေထိုင်တဲ့အခါ ကြည့်ဖြစ်မှာပါဘဲ။ ဒါက မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီဓာတ်ပုံလေးရဲ့ နောက် ကွယ်မှာတော့ အလွန်သနားစရာကောင်းတဲ့ ဇာတ်ကြောင်းလေး ရှိနေပါတယ်။ ဖခင်ဖြစ်သူဟာ သမီးတို့စားချင်တဲ့ မုန့်ဝယ်ဖို့ ပိုက်ဆံ မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့် ပိုက်ဆံလေး နည်းနည်း ရှိလာလို့ မုန့်ဝယ်ကျွေးမယ်ဆိုပြန်တော့လည်း သူ့အတွက် မရနိုင်ဘူးဆိုတာ သူသိပါတယ်။ သမီးလေးနှစ်ယောက်ကို မုန့်ဝယ်ကျွေး လိုက်ပါတယ်။ သူတို့စားချင်တယ်ဆိုတဲ့ အတော်ဈေးကြီးတဲ့ ဆိုင်မှာပါ။ ဒီအချိန် သူလည်း ဆာနေမယ်ဆိုတာ မျက်လုံးကလေးတွေနဲ့တင် သိသာစေပါတယ်။

သူဟာ ဆာတော့ ဆာနေပါတယ်။ ဒါပေမယ့် သမီးတွေဆီကနေ “အဖေ့ကို နည်းနည်းကျွေးနော်”ဆိုပြီး အာသာပြေတောင်းမစားခဲ့ပါဘူး။ သမီးတွေရဲ့ ဗိုက်သေးသေးလေးတွေ သူရဲ့ တစ်လုပ်စာ အာသာနဲ့ မပြည့်မ၀မဖြစ်စေချင်တဲ့ ဖခင်မေတ္တာပါဘဲ။ ဒီအကြောင်းကို ကာယကံရှင် ဖခင်ရဲ့ တူမတစ်ယောက်ဖြစ်တဲ့ Lloyd Café Cadena က ဇာတ်ကြောင်းအကုန် ရှင်းပြခဲ့ပါ တယ်။ သူတို့သားအဖတစ်တွေကို မိခင်ဖြစ်သူက စွန့်လွှတ်သွားခဲ့ပါတယ်။ သူဟာ လေဖြန်းထားသူတစ်ယောက်ဖြစ်ပြီး၊ အခုအခါမှာ သမီးနှစ်ယောက်ရဲ့ ကြီးမားလှတဲ့တာဝန်ကို မသန်တဲ့ကြားက ကြိုးစားထမ်းဆောင်နေရတယ်လို့ ဖော်ပြထား ပါတယ်။

Credit : shwemom



Follow us on