1. Home
  2. International News

နှစ်ပေါင်း ၃၀၀၀ ကျော်က အီဂျစ်ဖာရိုဘုရင်၏ ဧရာမရုပ်ထုအပိုင်းများ ရှာဖွေတွေ့ရှိ

International News มี.ค. 15, 2560 view 1,870
အီဂျစ်နိုင်ငံ မတ်တာရာ ဒေသရှိ ရှေးဟောင်းမြို့တော် ဟီလီရိုပိုးလစ်အနီးရှိ ရွံ့နွံမြောင်းကြီး တစ်ခုထဲမှ ဖာရိုဘုင်၏ ရုပ်ထုအစိတ်အပိုင်းကြီးများကို ဆယ်ယူတွေ့ရှိခဲ့ကြသည်။
ယခုကဲ့သို့ ရှာဖွေတွေရှိမှုသည် အီဂျစ်ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့၏ ကြီးမားသော အဖိုးမဖြတ်နိုင်သည့် တွေ့ရှိမှုကြီးတစ်ခုဖြစ်ခဲ့သည်။
 
 
အဆိုပါ ဖာရိုရမ်မိစ်-၂ ရုပ်တုသည် အမြင့် ၂၆ ပေခန့်ရှိမည်ဟု ခန့်မှန်ကြောင်း အီဂျစ်သုတေသနပညာရှင်များက ဆိုပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀၀၀ ကျော်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
 
 
ပထမဆုံးအဖြစ် ရုပ်ထု၏ ဦးခေါင်း အစီတ်ပိုင်းကြီးတစ်ခုကို ကြာသပတေးနေ့က ကရိန်းကားဖြင့် ဆယ်ယူခဲ့သည်။  ဆယ်ယူရရှိခဲ့သော ရုပ်ထု၏ အစ်တ်အပိုင်းများကို ကိုင်ရိုမှာရှိတဲ့ အီဂျစ်ပြတိုက်တွင် ပြန်လည်တပ်ဆင်မည်ဟု ရှေးဟောင်းအမွေနှစ် ဝန်ကြီးဌါနက ပြောဆိုခဲ့သည်။ ရုပ်ထုကို အလုံးစုံ တပ်ဆင်ပြီးပါက ဂါဇာပစ်ရမစ်အနီး အသစ်ထပ်မံဖွင့်လှစ်မည့် အီဂျစ်ပြတိုက်အကြီးစားတွင် ထားရှိမည်ဖြစ်သည်။
 
 
ရမ်မိစ်သည် ရှေးဟောင်းအီဂျစ်ရာဇဝင်တွင် သြဇာအာဏာအရှိဆုံးနှင့် ထင်ရှားသည့် ဘုရင်တစ်ပါးဖြစ်သည်။ မျိုးရိုးကြီးမှဆင်းသက်လာပြီး ဘီစီအီး ၁၂၇၉ မှ ၁၂၁၃ ထိ အီဂျစ်ကို စိုးစံခဲ့သူဖြစ်သည်။ 
 
 
အဆိုပါရုပ်တုသည် ထုံးကျောက်အမျိုးအစားဖြစ်ပြီး စတွေစဉ်က ဦးခေါင်း၏ အောက်ပိုင်းအစိတ်အပိုင်းများကို တွေ့ရှိခဲ့ပြီး ကရိန်းများ ဖော့ကလစ်ကားများနှင့် ဆယ်ယူခဲ့ပြီး ယခုအခါ သရဖူနှင့် ညာဘက် နားရွက် အစိတ်အပိုင်းများကို တွေ့ရှိပြီဖြစ်ကြောင်း သိရှိရသည်။
 
 
လိုင်ပ်ဇစ်တက္ကသိုလ်မှ အီဂျစ်နှင့် ဂျာမန်ပညာရှင်များ ပူးပေါင်းပါဝင်သော အဖွဲ့ကလည်း ၈၀ စင်တီမီတာရှည်လျားသော ဖာရိုစီတီ-၂ ၊ ရမ်မိစ်-၂ ၏ မြေးတော်ရုပ်ထု ထိပ်ပိုင်းကို ပကတိအတိုင်း တွေ့ရပြီဖြစ်ကြောင်း သိရှရသည်။
 
Ref:mailonline


Follow us on