1. Home
  2. International News

အန္တရာယ်ကြားမှ လွတ်မြောက်လာသည့် ကမ္ဘာလှည့်ခရီးသည်များ ရုပ်/သံ

International News มี.ค. 17, 2560 view 1,500
မတ်လ ၁၅ ရက်(ဗုဒ္ဓဟူးနေ့) က စပိန်နိုင်ငံရှိ အမြင့်ဆုံးတောင်တစ်လုံးဖြစ်သည့် Tenerife မီးတောင်ပေါ်သွားသည့် ကေဘယ်ကား နှစ်စင်း လမ်းခုလပ်တွင် ပျက်သွားခဲ့သည့်အတွက် ခရီးသွား ၇၀ ခန့် ကေဘယ်ကားများပေါ်တွင် လေးနာရီကြာပိတ်မိခဲ့ကြောင်း သိရှိရသည်။
 
ကေဘယ်ကားများပေါ်တွင် ပိတ်မိနေခဲ့သည့် ခရီးသွားများကို ရဟတ်ယာဉ်၊ မီးသတ်သမားများနဲ့ ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ခဲ့ကြရသည်။ ခရီးသည်များက ပေ၂၅၀ ခန့် အမြင့်နေရာရှိ ကေဘယ်ကားပေါ်မှ ကြိုးများနှင့် အန္တရာယ်ကြီးမားစွာ လျှောဆင်းခဲ့ကြရသည်။
 
 
ကေဘယ်ကားများ ပျက်ခဲ့သည့်အတွက် တောင်ပေါ်တွင် လူ ၂၀၀ ခန့် ပိတ်မိနေပြီး အချို့မှာ လမ်းလျှောက်၍ ပြန်ဆင်းလာခဲ့ကြကာ အများစုမှာ တောင်ပ်ါမှာပဲ ညအိပ်ခဲ့ကြရကြောင်း သိရှိရသည်။ 
 


Follow us on