ဖိလစ်ပိုင်သမ္မတဒူတာတေး၏ ရာဇဝတ်မှုလျော့ချရေးအစီအစဉ်အရ ဉာဥ့်နက်သန်းခေါင် လမ်းပေါ်လျှောက်သွားနေတဲ့ အမူးသမားတွေကို ဖမ်းဆီးပြီး လူအများရဲ့ရှေ့မှောက် လမ်းမပေါ်မှာ တန်းစီပြီး ဒိုက်ထိုးခိုင်းကာ အပြစ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပြစ်ဒဏ်ပေးမှုကို ရဲချုပ် Jemar Modequillo ကိုယ်တိုင်ကြီးကြပ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်ရဲများက သမ္မတဒူတာတေးရဲ့ မူးယစ်နှင့် ရာဇဝတ်မှုဆိုင်ရာ အသွင်ပြောင်းတိုက်ဖျက်ရေးမှာ ပါဝင်လုပ်ဆောင်သူတွေ ဖြစ်ကြပြီး လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက် ခြစားခဲ့တဲ့ ထိပ်သီးခေါင်းဆောင်ရဲအရာရှိတွေကို အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒူတာတေးဟာ သမ္မတရွေးကောက်ပွဲမှာကတည်းက မူးယစ်ဆေးဝါးနဲ့ ပက်သက်ဆက်နွယ်မှုတွေအားလုံးကို ထိထိရောက်ရောက် အမြစ်ဖြတ်နှိပ်မှင်းသွားမယ်လို့ ကတိပြုခဲ့ပြီး သူသမ္မတ ဖြစ်လာတဲ့အခါ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့ပါတယ်။ ယခုချိန်ထိ မူးယစ်တရားခံ ၄၈,၀၀၀ ကျော်ဖမ်းဆီးထားပြီး ၈,၀၀၀ ကျော်ကို သတ်ဖြတ်ပစ်ခဲ့ပါတယ်။ သူတို့ထဲက ၂,၅၅၅ ယောက်ကိုတော့ ဖမ်းဆီးမိရာနေရာမှာတင် သုတ်သင်ခဲ့ကြောင်း သိရှိရသည်။