1. Home
  2. International News

အင်္ဂလန်နိုင်ငံစာသင်ခန်းထဲ နေရာယူတော့မယ့် တရုပ်သင်္ချာသင်ရိုးများ

International News มี.ค. 17, 2560 view 1,547
ရှန်ဟိုင်းမူလတန်း သင်္ချာသင်ရိုးစာအုပ်များကို အင်္ဂလိပ်ဘာသာသို့ ပြောင်းလဲကာ အင်္ဂလန်ရှိစာသင်ခန်းများတွင် သင်ကြားမည့် အစီစဉ်တစ်ရပ်ကို သဘောတူညီမှုရခဲ့ကြကြောင်း သိရှိရသည်။ 
 
အင်္ဂလန်နိုင်ငံ၏ အကြီးစားစာအုပ်ထုတ်ဝေရေး Haper Collins Publishing နှင့် Shanghai Century Publishing တို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ လန်ဒန်စာအုပ်ပွဲတော်မှာ လက်မှတ်ရေးထိုး သဘောတူညီမှုရခဲ့ပါတယ်။ တရုပ်သင်္ချာသင်ရိုးစာအုပ် ၃၆ အုပ်တွဲကို အင်္ဂလိပ်ဘာသာသို့ ပြောင်းလဲပြန်ဆိုမှုကို လာမည့် စက်တင်ဘာတွင် စတင်မည်ဖြစ်ကြောင်း သိရှိရသည်။
 
Collins Learning ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ Colin Hughes က “သမိုင်းတွင်မယ့် အခိုက်အတန့်လေးပေါ့ဗျာ၊ ဒီအရင်က ဒီလိုမျိုးတစ်ခါမှ မရှိခဲ့ဖူးပါဘူး၊ တရုပ်ကျောင်းသားတွေအတွက် ရေးထားတဲ့ သင်ရိုးစာအုပ်ကို အတိအကျဘာသာပြန်ပြီး အင်္ဂလန်က ကျောင်းတွေကို ဖြန့်ဖြူးရောင်းချသွားမှာပါ” ဟု ပြောကြားခဲ့သည်။
 
၂၀၁၄ ခုနှစ်ကတည်းက တရုပ်ပြည်က ခေါင်းဆောင်တွေ၊ သုတေသနသမားတွေနဲ့ ကျောင်းဆရာပေါင်း ၄၀၀ ကျော်တို့က နှစ်နိုင်ငံရဲ့ ပညာရေးကို ဖလှယ်ဖို့ လာရောက်ခဲ့ကြပါတယ်။ ဒီလိုပညာရေး ဖလှယ်မှုက နှစ်နိုင်ငံလုံးအတွက် အကျိုးအမြတ်ရနိုင်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ 
သိပ်မကြာခင်မှာ အင်္ဂလန်နိုင်ငံရဲ့ စာသင်ခန်းတွေထဲမှာ တရုပ်သင်္ချာသင်ရိုးစာအုပ်တွေ နေရာယူလာမှာ မလွဲတော့ပါဘူး။
 


Follow us on