1. Home
  2. International News

အသက် ၄ နှစ်အရွယ်ကလေးကို လှေကားပေါ်မှ တွန်းချသည့် နေ့ကလေးထိန်းဝန်ထမ်း ရုပ်/သံ

International News มี.ค. 21, 2560 view 1,738
အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားရှိ နေ့ကလေးထိန်းကျောင်းတစ်ခုတွင် အသက် ၄ နှစ်အရွယ်ကလေးကို လှေကားပေါ်မှ ဆောင့်တွန်းချခဲ့သည့် အမျိုးသမီးဝန်ထမ်းကို အလုပ်မှထုတ်ကာ ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။
 
နေ့ကလေးထိန်းကျောင်း မန်နေဂျာ Shawayne Tavares က ဖီလယ်ဒဲဖီးယားနှင့် ပန်ဆယ်ဗေးနီးယားရှိ ကျောင်းများတွင် စီစီတီဗီအသစ်များ တပ်ဆင်ထားခဲ့ပြီး ကင်မရာအလုပ်လုပ်ပုံကို စစ်ဆေးကြည့်ရာမှ အဆိုပါ အဖြစ်အပျက်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
အသက် ၅၄ နှစ်အရွယ် နေ့ကလေးထိန်းဝန်ထမ်းဖြစ်သူ Sarah Gable က အသက် ၄ နှစ်အရွယ် ကလေး လှေကားဆင်းရာတွင် တုံ့နှေးနေသည့်အတွက် စိတ်မရှည်ပဲ လှေကားပေါ်မှ တွန်းချခဲ့ပြီးနောက် စီစီတီဗီတပ်ဆင်ထားသည်ကို သတိရကာ နောက်ထပ်လှေကားအဆင့်များတွင် ကလေး၏ လက်ကို ဆွဲလျှက်ဆင်းခဲ့ကြောင်း တွေ့မြင်ခဲ့ရသည်။
 
ကလေးငယ်မှာ ထိခိုက်ဒဏ်ရာမရခဲ့သော်လည်း ကြောက်လန့်တုန်လှုပ်နေခဲ့ကြောင်း သိရှိရသည်။ အဆိုပါဝန်ထမ်းကို ကလေးသူငယ်ဆိုင်ရာ ဥပဒေအရ တရားစွဲဆိုထားပြီး အမေရိကန်ဒေါ်လာ ၂၅,၀၀၀ (ကျပ်သိန်း ၃၀၀ ကျော်) ဒဏ်ငွေပေးဆောင်ရဖို့ရှိနေကြောင်း သိရှိရသည်။
 


Follow us on